အပျော်တမ်းကစားသမားတစ်ဦးဖြစ်တယ် ဆိုပါတယ်။
Pyae Phyo Thein

တနလာင်္နေ့မနက်ပိုင်းက တူးလော့စ်မြို့ရဲ့ နိုက်ကလပ်တစ်ခုအပြင်ဘက်မှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ရဲတပ်ဖွဲ့အကူအညီနဲ့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပေမယ့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။


စပါးအသင်းနောက်ခံလူအော်ရီယာရဲ့ ညီဖြစ်သူဟာ ပြင်သစ်မှာ သတ်ဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ္စတိုဖာဟာ တနင်္လာနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီးတော့ သေဆုံးရတဲ့အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

တနလာင်္နေ့မနက်ပိုင်းက တူးလော့စ်မြို့ရဲ့ နိုက်ကလပ်တစ်ခုအပြင်ဘက်မှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး ရဲတပ်ဖွဲ့အကူအညီနဲ့ ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပေမယ့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ သတ်ဖြတ်ခဲ့သူကတော့ ထွက်ပြေးနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကဆိုခဲ့ပြီး ပြင်သစ်သတင်းဌာနတွေဖြစ်တဲ့ French Football, Europe 1 တို့က ဖော်ပြခဲ့ကြပါတယ်။ 

အော်ရီယာဟာ မနေ့က ကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲမှာ ပွဲချိန်ပြည့်ပါဝင်ကစားခဲ့သူဖြစ်ပြီးတော့ စပါးက အာဆင်နယ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ သေဆုံးရတဲ့အကြောင်းအရင်းကို တိတိကျကျမသိရှိရသေးဘဲ စုံစမ်းနေဆဲဖြစ်ကာ နောက်ဆက်တွဲသတင်းတွေကို ထပ်မံဖော်ပြပေးမယ်လို့လည်း Football.London သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

ခရစ္စတိုဖာဟာ ဝမး်ဗိုက်ကိုပစ်ခံခဲ့ရတာဖြစ်ပြီးတော့ အပျော်တမ်းကစားသမားတစ်ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ကစားသမားဘဝအစောပိုင်းမှာတော့ ပြင်သစ်ကလပ် လန်းစ်အသင်းမှာ ကစားခဲ့ဖူးတယ်လို့တယ်လို့ သိရပြီး ၂၀၁၁ မှာ ဘရန့်တ်ဖို့ဒ်အသင်းနဲ့ ခြေစွမ်းပိုင်းစမ်းသပ်မှုခံယူဖူးကာ လက်ရှိမှာ ပြင်သစ်လိဂ် (၅) တူးလော့စ်ရိုဒီယိုကလပ်မှာ ကစားနေတာဖြစ်ပါတယ်။ 


Author


က္က