ထရာအိုရေး တစ်ယောက် စပိန်ကို ရွေးချယ်မှာလား မာလီအသင်းကို ရွေးချယ်မှာလား
Kyaw Ko Ko Sint

ထရာအိုရေးက စပိန်ဖွား မာလီနွယ်ဖွားကစားသမားတစ်ဦး ဖြစ်တာကြောင့် စပိန်ကခေါ်ပေမယ့်လည်း မာလီ အတွက် ရွေးချယ် ကစားနိုင်သူဖြစ်ပါတယ်။

ဝုလ်နဲ့ ခြေစွမ်းပြခဲ့တဲ့ တောင်ပံ ကစားသမား ထရာအိုရေးကို စပိန်လက်ရွေးစင်အသင်းအတွက် လူစာရင်း ခေါ်ယူခဲ့ ပေမယ့် ထရာအိုရေးဖက်က ကစားဖို့ မဆုံးဖြတ်ပေးသေးဘူးလို့ သိရပါတယ်။

BBC SPORT ရဲ့ ဖော်ပြချက်အရ ထရာအိုရေးဟာ စပိန်မှာမွေးတဲ့ မာလီနွယ်ဖွား ကစားသမားဖြစ်တာကြောင့် နှစ် နိုင်ငံအနက် တစ်နိုင်ငံကို ကိုယ်စားပြုဖို့ ရွေးချယ်နိုင်နေပါတယ်။

ယူ-၂၁အသင်းမှာတုန်းက စပိန်အတွက် ကစားထားပေမယ့် စီနီယာ အဆင့်မှာတော့ မာလီအတွက်လည်း ပြန်လည် ရွေးချယ် ကစားပေးနိုင်သလို စပိန်အတွက်လည်း ရွေးချယ်နိုင်တာပါ။

“ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း သူများစွာ တိုးတက်လာခဲ့ပါတယ်၊သူက တိုးတက်မှုအတွက် အမြဲ ဆာလောင်နေသူပါ။ ကျွန်တော်တို့အတွက် သူအများဆုံး လုပ်ဆောင်ပေးနိုင်မယ်လို့ ယုံပါတယ်။”လို့ စပိန်နည်းပြ လူးဝစ္စအင်းနရစ်က ဆိုပါတယ်။

ထရာအိုရေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း စပိန်လက်ရွေးစင်အသင်းအတွက်ခေါ်ယူခဲ့ပေမယ့် ဒဏ်ရာ ကြောင့် ပါဝင်ကစားခွင့်မကြုံခဲ့ပါဘူး။

ယခုတစ်ကြိမ်မှာရော ထရာအိုရေး တစ်ယောက် စပိန်ကို ရွေးချယ်မှာလား မာလီအသင်းကို ရွေးချယ်မှာလားဆို တာ ဆုံးဖြတ်ရပါတော့မယ်။

စပိန်အသင်းကတော့ နေးရှင်းလိဂ်ပွဲတွေအဖြစ် စက်တင်ဘာ ၃ရက်နေ့မှာ ဂျာမနီ၊၆ရက်နေ့မှာ ယူကရိန်းတို့နဲ့ ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က