ဘာစီလိုနာနဲ့ အေစီမီလန်အသင်းတို့ကို ပြောင်းရွှေ့ဖို့ သတင်းထွက်နေတာပါ။
Kg Htet

ဘာစီလိုနာအသင်းရဲ့ နောက်ခံကစားသမား ဂျော်ဒီအယ်လ်ဘာက ချယ်ဆီးအသင်းမှာ ရုန်းကန်နေရတဲ့ စပိန်လက်ရွေးစင်အသင်းဖော် တိုက်စစ်မှူး မိုရာတာ စပိန်ကို ပြန်လာမယ်ဆိုရင် ပျော်ရွှင်မိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုရာတာဟာ လာမယ့်ဇန်နဝါရီလမှာ စပိန်လာလီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်း ဒါမှမဟုတ် စီးရီးအေထိပ်သီး အေစီမီလန်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။



ပြီးခဲ့တဲ့နှစ် နွေရာသီက ရီးရဲမက်ဒရစ်အသင်းကနေ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့အချိန်ကတည်းက မိုရာတာဟာ ချယ်ဆီးအသင်းအတွက် ၄၅ ပွဲကစား ၁၆ ဂိုး သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပြီး ၆ ဂိုးဟာ ပထမဆုံး ၆ ပွဲမှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မိုရာတာရဲ့ စပိန်လက်ရွေးစင်အသင်းဖော်ဖြစ်တဲ့ ဂျော်ဒီအယ်လ်ဘာက ဂျူဗင်တပ်တိုက်စစ်မှူးဟောင်း မိုရာတာအနေနဲ့ စပိန်မြေကို ပြန်လာပြီး ဘာစီလိုနာအသင်းနဲ့ လာရောက်ပူးပေါင်းမယ်ဆိုရင် ဝမ်းသာပျော်ရွှင်မိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“မိုရာတာက ကျွန်တော် အရမ်းတန်ဖိုးထားရတဲ့ ကစားသမားပါ။ သူက ထိပ်တန်းကစားသမားဖြစ်ခဲ့တာ နှစ်တော်တော်ကြာပါပြီ”

“အဆုံးသတ်မှာတော့ အဲဒါက အသင်းရဲ့ဆုံးဖြတ်ချက်ပါပဲ။ သူတို့ သူ့ကို ခေါ်ယူချင်လား၊ မခေါ်ယူချင်ဘူးလားဆိုတာပေါ့”

“တကယ်လို့ ကောလာဟလတွေသာ အမှန်သာဆိုရင် သူ့ကို ကစားသမားသစ်အဖြစ်နဲ့ အရမ်းကြိုဆိုကြမှာပါ”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က