ဖလော်ရန်တီနိုပီးရက်ဇ်က ပြန်လည်ခေါ်ယူတော့မှာပါ။
Kg Htet

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဟောင်း မော်ရင်ဟိုဟာ လာလီဂါမှာ ရုန်းကန်နေရတဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့တယ်လို့ သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့က မန်ယူအသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး အသင်းများစွာရဲ့ကမ်းလှမ်းမှုကို ရရှိထားပါတယ်။

မော်ရင်ဟိုကို အသင်းဟောင်း ဘင်ဖီကာအသင်းက ပြန်လည်ခေါ်ယူလိုနေတယ်လို့ မကြာသေးမီကမှ သတင်းတွေထွက်ပေါ်ခဲ့ပြီး မော်ရင်ဟိုက အခုအချိန်မှာ ပေါ်တူဂီလိဂ်မှာ နည်းပြဖို့ စိတ်မဝင်စားသေးကြောင်း အသိပေးခဲ့တယ်လို့ ပေါ်တူဂီသတင်းဌာန Record ရဲ့သတင်းက ဖော်ပြခဲ့တာဖြစ်ပါတယ်။



လက်ရှိအချိန်မှာတော့ မော်ရင်ဟိုဟာ ရလဒ်ဆိုးတွေနဲ့ ရုန်းကန်နေရတဲ့ ရီးရဲမက်ဒရစ်အသင်းရဲ့ လျှပ်တပြက် ကမ်းလှမ်းမှုကို ရရှိခဲ့တာဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်နဲ့ မော်ရင်ဟိုတို့ဟာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိကြသူတွေဖြစ်ပြီး မော်ရင်ဟိုကို ဘာနေဗျူးပြန်လာနိုင်ဖို့ အခွင့်အရေးကို ပေးအပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။

မော်ရင်ဟိုဟာ ရီးရဲမက်ဒရစ်အသင်းက ပြဿနာတက်ပြီး ထွက်ခွာခဲ့တာဖြစ်ပေမယ့်လည်း ရရှိတဲ့အခွင့်အရေးကို အရယူပြီး စပိန်ကို ပြန်သွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုဟာ မတူညီတဲ့ကလပ်အသင်း ၃ ခုနဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်တဲ့နည်းပြဖြစ်လာဖို့နဲ့ ချန်ပီယံလိဂ်ဖလားကို ၃ ကြိမ်မြောက် ကိုင်မြှောက်နိုင်ဖို့အတွက် အခွင့်အရေးက လက်တစ်ကမ်းမှာ ရှိနေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလက နည်းပြလော့ပတယ်ဂီရဲ့နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရတဲ့ ရီးရဲမက်ဒရစ်လူငယ်အသင်းနည်းပြ ဆိုလာရီဟာ ၁၁ ပွဲကိုင်တွယ်ရာမှာ ၃ ပွဲအထိ ရှုံးနိမ့်ခဲ့တဲ့အတွက် ဖိအားတွေ ခံစားနေရပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က