အဇာဘိုင်ဂျန်နဲ့ ကစားမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲကို လွဲချော်ပါတော့မယ်။
Kyaw Ko Ko Sint

ရာမို့စ်နဲ့စပိန်အသင်းကို ပုတ်ခတ်ပြောဆိုတဲ့ စကားတွေက ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းအချို့နဲ့ ငြိစွန်းနေလို့ အခုလို အရေးယူခံရတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ခရိုအေးရှားနောက်ခံလူ လော်ဗရန်အနေနဲ့ ပြီးခဲ့တဲ့ ခရိုအေးရှားအသင်းက စပိန်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး လူှုမှုကွန်ရက်မှာပြိုင်ဖက် ကစားသမာ းရာမို့စ်နဲ့ စပိန်အသင်းကို စော်ကားပြောဆို မိခဲ့တာကြောင့် နိုင်ငံတကာပွဲ တစ်ပွဲပယ်ပြစ်ဒဏ် ကျခံလိုက်ရပါပြီ။



လော်ဗရန်က အဆိုပါပွဲအပြီးမှ အဝတ်လဲခန်းအတွင်းရှိနေစဉ် အင်စတာဂရမ်မှာ စပိန်အသင်းနဲ့ စပိန်နောက်ခံလူ ရာမို့စ်တို့ကို စော်ကားတဲ့ အပြောအဆိုတွေ ပြောဆိုခဲ့တာပါ။

အဝတ်လဲခန်းအတွင်း ပွဲကစားတဲ့ ဂျာစီကို မချွတ်ရသေးပဲ ဂျာစီ ရင်ဘတ်မှာ တပ်ထားတဲ့ စပိန်နဲ့ ခရိုအေးရှား အလံငယ်နှစ်ခုမှာ စပိန်အလံကို လက်နဲ့ကွယ်ပြီး ခရိုအေးရှားအသင်းအလံကို ညွှန်ပြကာ ဒီအလံကသာ လေးစားထိုက်တယ်ဆိုပြီးလည်း ပြောခဲ့တာပါ။

ဒါတင်မကသေးပဲ ပွဲအပြီးမှာလည်း သတင်းထောက်ကို စပိန်အသင်းဟာ ကွင်းအတွင်းမှာ အရမ်းကို ဆိုးရွားရိုင်း စိုးတယ်ဆိုတဲ့အကြောင်းနဲ့ အဆိုးရွားဆုံး အရှုံးသမားတွေလို့ လှောင်ပြောင် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုလို လော်ဗရန်ရဲ့ အပြုအမူတွေကတော့ ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့ စည်းမျဉ်း အပိုဒ်အချို့နဲ့ ငြိစွန်းခဲ့တာကြောင့် အခုလို အပြစ်ပေးခဲ့တာလို့လည်း Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

ဒါကြောင့် လာမယ့် မတ်လမှာ ခရိုအေးရှားအသင်းကစားရမယ့် အဇာဘိုင်ဂျန်အသင်းနဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲစဉ် ကိုတော့ လော်ဗရန် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။


ဆက်စပ်အကြောင်းအရာများ


Author


က္က