နေးရှင်းလိဂ်ပွဲတွေကတော့စက်တင်ဘာ ၄ရက် မနက် ၁နာရီခွဲမှာ ကစားမှာပါ။

လိုးရွေးချယ်ထားတဲ့ ကစားသမားအများစုက ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆီမီးဖိုင်နယ်တက်ခဲ့ တဲ့ လိုက်ပ်ဇက်အသင်းက ဖြစ်နေပါတယ်။

ဂျာမနီအသင်း နည်းပြ ဂျိုချင်လိုးက သူ့ကစားသမားတွေအနေနဲ့ စပိန်နဲ့ ကစားရမယ့် နေးရှင်းလိဂ်ပွဲမှာ မိနစ် ၉၀ ပြည့် မကစားနိုင်မှာကို စိုးရိမ်နေတယ်လို့ ထုတ်ဖော်ပြောလာပါတယ်။



အကြောင်းကတော့ လွန်ခဲ့တဲ့ ၁၀ရက်ကမှ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ကစားသမားတွေကို အဓိက ရွေးချယ်ထားတာကြောင့် ဖြစ်ပါတယ်။

“ဒီအခြေအနေမှာ မတူညီတဲ့ ကစားသမားတွေအကြား အခြေအနေများစွာရှိနေပါတယ်။အချို့က လေ့ကျင့်မှု ရှိတယ် ပွဲအတွေ့အကြုံမရှိသေးဘူး၊အချို့ကလည်း ကစားပြီးသားတွေ၊အချို့ကျပြန်တော့လည်း အားလပ်ရက် အပန်းဖြေကနေပြန်ရောက်တာ မကြာသေးဘူး။ဒါကြောင့် ကစားသမားတွေ မိနစ် ၉၀ပြည့် ကစားနိုင်လိမ့်မယ် လို့ မထင်ထားတာပါ။”လို့ လိုးက သုံးသပ်ပြောလာပါတယ်။

လိုးရွေးချယ်ထားတဲ့ ကစားသမားအများစုက ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆီမီးဖိုင်နယ်တက်ခဲ့ တဲ့ လိုက်ပ်ဇက်အသင်းက ဖြစ်နေပါတယ်။

နေးရှင်းလိဂ် အုပ်(ဃ)မှာတော့ ဂျာမနီ၊စပိန်၊ဆွစ်ဇာလန်နဲ့ယူကရိန်းတို့ ပါဝင်နေပြီး ဂျာမနီအသင်းကတော့ ပြီးခဲ့တဲ့ နှစ် နေးရှင်းလိဂ်တုန်းက အုပ်စုအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က