မနေ့က ကစားဖို့ စီစဥ်ခဲ့တာပါ။
Kyaw Ko Ko Sint

လစ္စဘွန်းနဲ့နာပိုလီအသင်းတို့ရဲ့ ခြေစမ်းပွဲကို ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသဖို့အထိ စီစဥ်ထားပြီးမှ ပျက်ပြယ် သွားတဲ့အတွက် နာပိုလီအသင်းကတော့ စိတ်ပျက်မိကြောင်းထုတ်ပြန်ခဲ့ပါတယ်။

ရာသီကြို ခြေစမ်းပွဲအဖြစ် ကစားကြမယ့် စပို့တင်းနဲ့နာပိုလီအသင်းတို့ရဲ့ ခြေစမ်းပွဲကို အရေးပေါ် ဖျက်သိမ်းခဲ့ရပြီး  အကြောင်းကတော့ စပို့တင်းအသင်းမှာ ကစားသမား၃ဦး ကိုဗစ်တွေ့ခဲ့တာကြောင့်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

အဆိုပါ ခြေစမ်းပွဲကိုတော့ မနေ့က တနင်္ဂနွေနေ့မှာ ကစားဖို့ စီစဥ်ခဲ့ပြီး ရုပ်သံကနေလည်း တိုက်ရိုက်ထုတ်လွှင့်ပြ သဖို့ စီစဥ်ထားခဲ့ပြီးမှ ပျက်ပြယ်သွားတာလို့လည်း သိရပါတယ်။

ကူးစက်ခံရတဲ့ ကစားသမား ၃ဦးမှာ ကူးစက်ပုံခြင်း မတူညီကြပဲ လက်ရှိအချိန်မှာတော့ သီးသန့် ထားရှိနေထိုင်စေ လျက်ရှိတယ်လို့လည်း ပေါ်တူဂီသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အခုလို ပွဲပျက်သွားတဲ့အတွက် နာပိုလီအသင်းကတော့ ၄၈နာရီနှင့်အထက် ခြေစမ်းပွဲအတွက် ပြင်ဆင်ခဲ့ရတဲ့ ရုပ် ပိုင်းနှင့် စိတ်ပိုင်းဆိုရာပြင်ဆင်မှုများ၊နည်းဗျူဟာပြင်ဆင်မှုများ အချည်းအနှီးဖြစ်ခဲ့ရတဲ့အတွက် စိတ်ပျက်မိ ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နာပိုလီအတွက်တော့ စီးရီးအေ ပြန်မစခင် အသင်းကို ပြင်ဆင်ဖို့အတွက် ဒီကြားကာလမှာ အီတလီကိုသာ ပြန်ပြီး အသင်းသစ်တစ်သင်းရှာဖွေ ခြေစမ်းဖို့သာ ရှိတော့သလို လိဂ်ပြန်စဖို့ ၆ရက်သာ လိုတော့တဲ့ လစ္စဘွန်းအတွက် လည်း အခက်တွေ့နေရပါပြီ။


ဆက်စပ်အကြောင်းအရာများ


Author


က္က