ချန်ပီယံလိဂ်ကစားရမှာပါ။

အဓိက နောက်ခံလူ ကောင်လီဘလီမပါဝင်မှုက မက်ဆီကို ထိန်းချုပ်ဖို့ ပိုခက်ခဲနိုင်မယ့် အခြေအနေ ရှိနေတာပါ။

Image result for Gennaro Gattuso



ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့အဖြစ် နေပယ်လ်မှာ ဧည့်ခံ ကစားမယ့် နာပို လီတို့အတွက် ကောင်လီဘလီက ထိုးနှက်ချက်ဖြစ်လာခဲ့ပါပြီ။

အားထားရတဲ့ အဓိက နောက်ခံလူ ကောင်လီဘလီ ဘာစီလိုနာနဲ့ပွဲကို တံကောက်ကြော ဒဏ်ရာကြောင့် မပါဝင် နိုင်တော့ဘူးလို့ နာပိုလီအသင်းက တရားဝင် သတင်းထုတ်ပြန်လာတာပါ။



ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ တံကောက်ကြောဒဏ်ရာသက်သာလို့ အသင်းနဲ့ ပြန်လည်ပါဝင်ကစားနေနိုင်ရာမှ လက်ရှိမှာ ဒဏ်ရာအခြေအနေကို ပြန်လည်စစ်ဆေးရမှာ ဖြစ်ပါတယ်။

ကောင်လီဘလီအနေနဲ့ ဒဏ်ရာက ပြန်လည်သက်သာလာပြီးနောက် အခုအခါ တစ်ပတ် ၁၀ ရက်လောက် ပြန် နားရတော့မှာပါ။

Image result for Kalidou Koulibaly

နာပိုလီ နည်းပြ ဂတ်တူဆိုကတော့ ကောင်လီဘလီအနားယူရပေမယ့် အခြားသော ဒဏ်ရာရ ကစားသမားတွေ မရှိနေဘူးလို့တော့ ပြောလာပါတယ်။

သူကိုယ်တိုင်က အသင်းနည်းပြ ဖြစ်နေပေမယ့်လည်း ပြိုင်ဖက် တိုက်စစ်မှူး မက်ဆီကို ဟန့်တားဖို့တော့ သူ့အ သင်းက လုံလောက်တဲ့ အဟန့်အတား ဖြစ်မနေနိုင်ဘူးလို့ ဝန်ခံထားပါတယ်။

ဘာစီလိုနာကစားသမားတွေကတော့ အီတလီမှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် လေဆိပ်မှာ ဆေးစစ်ခံရမှာ ဖြစ်ပြီး ဒီပွဲကိုလည်း ကွင်းပိတ်ကစားဖို့ ရှိနေပါတယယ်။

Share

Loading Next Article...
က္က