မန်စီးတီး၊လီဗာပူး၊စပါးနဲ့ချဲလ်ဆီးအသင်းတို့ထဲက တစ်သင်းသာ တက်မယ်လို့ဆိုတာပါ။

တစ်သင်းတည်းသော ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်မယ့်အသင်းက လက်ရှိချန်ပီယံ လီဗာပူး မဟုတ်ပဲ မန်စီးတီးအသင်းဖြစ်နေပါတယ်။

TalkSport ရဲ့ ဖော်ပြချက်အရ ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကနေ ကွာတားဖိုင်နယ်အဆင့်ကို အင်္ဂလန် ကလပ်တွေထဲက ၁ သင်းသာ တက်လှမ်းနိုင်မယ်လို့သိရပါတယ်။



လက်ရှိမှာ ၁၆ သင်းအဆင့် ပွဲတွေက ထွက်ပေါ်ထားနှင့်ပြီ ဖြစ်ပြီး မန်စီးတီးက ရီးရဲမကဒရစ်၊လီဗာပူးက အက်သ လက်တီကို၊ချဲလ်ဆီးက ဘိုင်ယန်မြူးနစ်နဲ့ စပါးက လိုက်ပ်ဇက်အသင်းတွေနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

စူပါ ကွန်ပျူတာရဲ့ တွက်ချက်မှုမှာတော့ မန်စီးတီးက ရီးရဲမက်ဒရစ်ကို နှစ်ကျော့ပေါင်း ရလဒ် ၄-၂ နဲ့ အနိုင်ရပြီး နောက်တစ်ဆင့် တက်မယ်လို့ တွက်ချက်ထားတာပါ။

ကျန် အင်္ဂလန် ကလပ်တွေအပေါ်မှာတော့ လီဗာပူးက အက်သလက်တီကိုကို အဝေးဂိုးနဲ့ အရေးနိမ့်ရသလို၊ချဲလ်ဆီးကလည်း နှစ်ကျော့ပေါင်း ၄-၁ နဲ့ အရေးနိမ့်ပြီး စပါးက လိုက်ပ်ဇက်ကို အဝေးဂိုးနဲ့ ရှုံးမယ်လို့ အသီးသီး တွက်ချက်ထားတာပါ။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အခြားသော အသင်းတွေ အဖြစ် ဒေါ့မွန်နဲ့ ပီအက်စ်ဂျီ၊ဂျူဗင်တပ်နဲ့လိုင်ယွန်၊ဘာစီ လိုနာနဲ့နာပိုလီ၊အတ္တလန္တာနဲ့ဗလင်စီယာတို့လည်း အသီးသီး ထိပ်တိုက်တွေ့ဆုံနေကြပါတယ်။

ကွာတားဖိုင်နယ်အဆင့်ကိုတော့ မန်စီးတီး၊ဘိုင်ယန်မြူးနစ်၊လိုက်ပ်ဇက်၊အက်သလက်တီကို၊ဘာစီလိုနာ၊ဂျူဗင်တပ် ၊ပီအက်စ်ဂျီနဲ့ဗလင်စီယာတို့ တက်လှမ်းကြမယ်လို့ တွက်ချက်ဖော်ပြလာတာကြောင့် ဘယ်နှစ်သင်းမှန်မလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်သွားရတော့မှာပါ။

Share

Loading Next Article...
က္က