နူးကမ်ကိုရောက်ပြီး ၁ လအကြာမှာပဲ ပြန်ရောင်းချခဲ့တာပါ။

အီမာဆင်ဟာ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ စပါးကို ပေါင် ၂၅.၇ သန်းနဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။


ဘာစီလိုနာကနေ စပါးကို ပြောင်းရွှေ့လာခဲ့တဲ့ ညာနောက်ခံလူအီမာဆင်ရွိုင်ရယ်က နူးကမ့်ကလပ်ဟာ သူ့ကိုခေါ်ယူခဲ့စဉ်ကတည်းက ရောင်းချဖို့အတွက်သာဖြစ်တယ်လို့ ပြောဆိုကာ ဒေါသပေါက်ကွဲပြခဲ့ပါတယ်။ ဘာကာကနေ သူမထွက်ခွာချင်ခဲ့ဘူးလို့လည်း ဝန်ခံခဲ့ပြီး စပိန်ကလပ်ရဲ့လုပ်ရပ်အတွက် ဘယ်လောက်ထိ နာကျင်ရလဲဆိုတာကိုပါ ပြောဆိုသွားခဲ့ပါတယ်။ 

အီမာဆင်ဟာ အပြောင်းအရွှေ့စျေးကွက်နောက်ဆုံးနေ့မှာ စပါးကို ပေါင် ၂၅.၇ သန်းနဲ့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အီမာဆင်ဟာ ဘာစီလိုနာနဲ့ ဘက်တစ်တို့ ပူးတွဲပိုင်ဆိုင်တဲ့ ကစားသမားလည်းဖြစ်ခဲ့ပြီး ဘက်တစ်မှာ ခြေစွမ်းပြကစားနိုင်ခဲ့တဲ့နောက်မှာ ဘာစီလိုနာက တစ်ဦးတည်းပိုင်အဖြစ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘာကာအတွက်တော့ ၃ ပွဲသာ ကစားပေးခဲ့ရပြီး စပါးကို ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ 


Marca နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အီမာဆင်က "ဘာစီလိုနာကိုရောက်ခဲ့တဲ့အချိန်မှာ ကျွန်တော့်ကို ပြန်ရောင်းချမှမဟုတ်ဘူးလို့ ယုံကြည်မိခဲ့တယ်၊ ဒါပေမယ့်လည်း ဘာတွေဖြစ်လာလဲဆိုတာ ကြည့်ပါဥိး၊ ကျွန်တော်သေချာသိလိုက်တာက ကျွန်တော့်ကို စာချုပ်ချုပ်ကတည်းက ပြန်ရောင်းဖို့အတွက် သူတို့ရည်ရွယ်ထားပြီးပြီဆိုတာပါပဲ၊ အသင်းဦးဆောင်သူတွေနဲ့ ကျွန်တော်တွေ့ခဲ့တယ်၊ သူတို့က ကျွန်တော့်ကို ဘဏ္ဍာရေးအခြေအနေမကောင်းဘူးလို့ ပြောခဲ့ပါတယ်"

"ကျွန်တော်အသင်းမှာဆက်နေချင်တယ်လို့ပဲ ပြောခဲ့ပါတယ်၊ ကျွန်တော် အကောင်းဆုံးပုံစံရနေပြီး နူးကမ့်မှာ အောင်မြင်မယ်ဆိုတာကို သိနေတယ်၊ ကျွန်တော့်ကို အရမ်းကောင်းတဲ့စကားလုံးတွေ အသုံးပြုပြီး ကန်ထုတ်ခဲ့တာပါ၊ ပြောဆိုမှုတွေလုပ်အပြီး ကျွန်တော့်ကို ဆက်ထားမှာပဲလို့ တွေးတယ်၊ အဲဒီအချိန်မှာပဲ သူတို့က စပါးနဲ့ ဆွေးနွေးနေပါပြီ၊ အားလုံးပြီးသလောက်ဖြစ်နေခဲ့ပြီ၊ ဘာတွေဖြစ်ကုန်လဲ ကျွန်တော်နားမလည်ခဲ့တော့ဘူး၊ နေ့လည်ပိုင်းမှာ ကျွန်တော့်ကို ခေါ်ပြီး ရောင်းချချင်တယ်လို့ ပြောဆိုခဲ့ပါတယ်" လို့ ဖွင့်ဟခဲ့ပါတယ်။ 


အီမာဆင်ဟာ ဘာစီလိုနာမှာ တစ်လသာရှိနေခဲ့ပြီး အသင်းပြောင်းခဲ့ရတာလည်းဖြစ်ပါတယ်။ စပါးမှာတော့ ဒိုဟာတီ၊ တန်ဂန်ဂါတို့နဲ့ နေရာလုရမှာဖြစ်ပြီး ၅ နှစ်စာချုပ်ချုပ်ဆိုခဲ့ကာ ကျောနံပါတ် ၁၂ ဝတ်ဆင်သွားမှာဖြစ်ပါတယ်။ 



က္က