ရီးရဲမက်ဒရစ်အသင်းနဲ့သတင်းတွေ ပြန်လည်ထွက်ပေါ်နေသူဖြစ်ပါတယ်။

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ဖြုတ်ပစ်လိုက်နိုင်ခဲ့ပြီးနောက် ပွဲအပြီးမှာ အသင်းဟောင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်အသင်းကို သတင်းစကားပါးခဲ့ပါတယ်။

ရော်နယ်ဒိုဟာ တူရင်မှာ ၎င်းရဲ့ဥရောပ ၈ ကြိမ်မြောက်ဟက်ထရစ်ကို ရရှိခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းဟာ ရော်နယ်ဒိုရဲ့ သွင်းဂိုးတွေနဲ့ အံ့အားသင့်ဖွယ်ပြန်လာနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။



ဂျူဗင်တပ်အသင်းဟာ ပထမအကျော့က မက်ဒရစ်မှာ ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ရော်နယ်ဒိုဟာ ပွဲချိန်တလျှောက်လုံး ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒုတိယအကျော့မှာတော့ ရော်နယ်ဒိုက သုံးဂိုးသွင်းယူပြီး လှောင်ပြောင်ခဲ့တဲ့ ပရိသတ်တွေကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

အက်သလက်တီကိုနဲ့ပွဲအပြီးမှာ ရော်နယ်ဒိုဟာ ၎င်းရဲ့သားနဲ့အတူ Mixed Zone ကို လာတဲ့လမ်းမှာ ရင်းနှီးနေတဲ့ မျက်နှာတစ်ခုကို မြင်တွေ့လိုက်တာကြောင့် ရပ်တန့်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့အပတ်က အေဂျက်အသင်းကို ရီးရဲမက်ဒရစ်ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရတဲ့ပွဲစဉ်အပြီးမှာ ငိုကြွေးခဲ့တဲ့ စပိန်တီဗွီရှိုး El Chiringuito ရဲ့သတင်းထောက် အီဒူအဂွိုင်းယားကို မြင်တွေ့ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုက အီဒူအဂွိုင်းယားကို ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း အခုလို သတင်းစကားပါးခဲ့ပါတယ်။

“ကျွန်တော့်ရဲ့ပွေ့ဖက်နှစ်သိမ့်မှုကို El Chiringuito၊ ရွန်စီရို(AS သတင်းအယ်ဒီတာ)နဲ့ ရီးရဲမက်ဒရစ်အသင်း ပရိသတ်အားလုံးကို ပေးပို့လိုက်ပါတယ်”လို့ ပြောကြားခဲ့ကြောင်း El Chiringuito TV ရဲ့တွစ်တာအကောင့်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က