အသင်းသမိုင်းမှာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပါပြီ။
Pyae Phyo Thein

လိုက်ဇစ်တို့ သူတို့ထက်အတွေ့အကြုံရင့်တဲ့ အေတီကိုကို ၂-၁ နဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်သွားခဲ့ပါတယ်။ 


လိုက်ဇစ်ကတော့ သူတို့ထက် သမ္ဘာရင့်၊၀ါရင့် အက်သလက်တီကိုကို ကောင်းကောင်းတုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ တီမိုဗာနာမရှိတော့လို့ ပေါလ်ဆင်က တိုက်စစ်ကိုဦးဆောင်ခဲ့ပြီး သူတို့ပုံမှန်ကစားနေကျ အသင်းလိုက်စုစည်းမှုအား၊ လျင်မြန်မှုတွေနဲ့ အေတီကိုကို အခက်တွေ့စေခဲ့ပြီး အသင်းကောင်းတစ်သင်းဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာကတည်းက လိုက်ဇစ်တို့ အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဧရိယာထဲကနေ ဘယ်ခြေနဲ့အပြင်းပိတ်သွင်းချက်က ထောင်တက်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။ အက်သလက်တီကိုကတော့ သူတို့ကစားဟန်အတိုင်း ခံစစ်ကိုလုံခြုံအောင်ပြင်ဆင်ပြီးမှ တိုက်စစ်ကို ကစားခဲ့ပြီး ဒီယေဂိုကော်စတာကို အူပါမီကာနိုက အကောင်းဆုံးထိန်းသိမ်းနိုင်ခဲ့လို့ တိုက်စစ်သေခဲ့ရပြီး ကာရက်စ်ကိုကလည်း ခြေစွမ်းမပြနိုင်လို့ ရုန်းကန်ခဲ့ရပါတယ်။ 

လိုုက်ဇစ်က သူတင်ကိုယ်တင်ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ပိုဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာ ပေါလ်ဆင်ရုန်းကန်နေခဲ့ရလို့ ဂိုးမရခဲ့ဘဲ ပထမပိုင်းက ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး ၅ မိနစ်မှာတော့ လိုက်ဇစ်ရဲ့ ချိတ်ဆက်ကစားပုံ ကောင်းမွန်မှုကနေ ဂိုးရခဲ့ပြီး အိုလ်မိုက သွင်းယူပေးခဲ့ကာ အေတီကိုကို ဖိအားပေးနိုင်ခဲ့ပါတယ်။

ဆီမြွန်နီက ချက်ချင်းပဲ ယာအိုဖီးလစ်ကို လူစားလဲလှယ်ခဲ့ပြီး ချေပဂိုးရဖို့ ပြင်ဆင်ခဲ့ပါတယ်။ သူ ဝင်လာပြီးနောက်မှာမှ အေတီကိုတိုက်စစ်က လှုပ်လာခဲ့ပြီး အခွင့်အရေးတွေရလာခဲ့ပါတယ်။ ဒါကြောင့်လည်း မိနစ် ၇၀ မှာ ယာအိုဖီးလစ်က သူ့ကြောင့်ရတဲ့ ပယ်နယ်တီကို ကိုယ်တိုင်ကန်သွင်းပြီး ချေပဂိုးသွင်းယူပေးခဲ့လို့ တစ်ဖက်တစ်ဂိုးစီနဲ့ အကြိတ်အနယ်ဖြစ်လာခဲ့ပါတယ်။ 

အက်သလက်တီကိုက အနိုင်ဂိုးရဖို့ ပွဲကိုပိုမိုဖိဖိစီးစီးကစားလာခဲ့ပြီး မိုရာတာကိုပါထည့်သွင်းကာလူစားလဲခဲ့ပါတယ်။ လိုက်ဇစ်ကတော့ ခံစစ်ကိုအနည်းငယ်အားပြုခဲ့ကာ တန်ပြန်တိုက်စစ်တွေကို ပိုမိုအသုံးပြုခဲ့ပါတယ်။ အက်သလက်တီကိုတို့ ဂိုးရဖို့ခက်နေချိန်မျာတော့ လိုက်ဇစ်က အဖိုးတန်သွင်းဂိုးရယူသွားခဲ့ပြီး ၈၇ မိနစ်မှာ အဒမ်စ်က ကန်သွင်းယူပေးခဲ့တာပါ။ ပွဲအပြီးမှာတော့ လိုက်ဇစ်တို့ သူတို့ထက်အတွေ့အကြုံရင့်တဲ့ အေတီကိုကို ၂-၁ နဲ့ အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ်တက်ရောက်သွားခဲ့ပါတယ်။ 


Author


က္က