၆ ကိုက်စည်းအတွင်း အပိုင်ပိတ်သွင်းမှုက မိုးပေါ်ထောင်တက်ခဲ့ပါတယ်။

၀ါနာဟာ အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပြီး ဂျာမနီအတွက် နောက်ဆုံး ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း မနေ့ညကပွဲမှာ သူ့ရဲ့လွဲချော်မှုတွေကတော့ တော်တော်လေးကို အံ့အားသင့်စရာကောင်းနေခဲ့တာဖြစ်ပါတယ်။


ဂျာမနီက အိုက်စလန်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း တိုက်စစ်မှူးတီမိုဝါနာကတော့ သူ့အလုပ်ကိုသူ မှန်မှန်ကြီးလုပ်သွားခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ၀ါနာဟာ အသင်းအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့ပြီး ဂျာမနီအတွက် နောက်ဆုံး ၃ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း မနေ့ညကပွဲမှာ သူ့ရဲ့လွဲချော်မှုတွေကတော့ တော်တော်လေးကို အံ့အားသင့်စရာကောင်းနေခဲ့တာဖြစ်ပါတယ်။



ခြောက်ကိုက်စည်းအတွင်းမှာ အပိုင်ပိတ်သွင်းခွင့်ရရှိခဲ့ရာမှာလည်း သူ့ရဲ့ကန်သွင်းချက်က ဂိုးဘားတန်းပေါ်ကျော်တဲ့အထိ လွဲချော်ခဲ့သလို ဘောလုံးနဲ့အတူ ဆွဲပြေးလာပြီး ဂိုးရဖို့အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် ကန်သွင်းယူခဲ့ရာမှာ အားမပါခဲ့ဘဲ အိုက်စလန်ဂိုးသမားက ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ဒါဟာ ကလပ်နဲ့ နိုင်ငံအသင်းတွေမှာ အကြီးအကျယ်လွဲချော်မှုတွေရှိနေတဲ့ သူ့ရဲ့ဇာတ်လမ်းတွဲအဆက်လည်း ဖြစ်လာခဲ့ပါတယ်။ 



၀ါနာရဲ့ အလွဲပေါင်းချုပ်

ထုံးစံအတိုင်း သူ့ရဲ့လွဲချော်မှုတွေဟာ ချက်ချင်းဆိုသလိုပဲ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့သွားခဲ့ပါတယ်။ ပရိသတ်တွေကြားမှာ ရယ်မောစရာကောင်းတဲ့ ကစားသမားတစ်ဦးအဖြစ် ၀ါနာက ရှိနေခဲ့ပြီး မနေ့ကလွဲချော်မှုတွေအတွက် ပရိသတ်တစ်ဦးကတော့ အခုလိုပဲဆိုခဲ့ပါတယ်။ "တီမိုဝါနာတစ်ယောက် တီမိုဝါနာလုပ်နေတယ်" လို့ ရေးသားခဲ့သလို နောက်တစ်ဦးက "ဘဝမှာ အသေချာဆုံးအရာ ၃ ခုရှိတယ်၊ သေခြင်းတရားရယ်၊ အခွန်တွေရယ်၊ ၀ါနာအဖွင့်ဂိုးလွဲတာရယ်" လို့ ဆိုပါတယ်။ 

၀ါနာဟာ ချယ်လ်ဆီးမှာလည်း ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပြီဖြစ်ပြီး လူကာကူကို နည်းပြတူချယ်လ်က ဦးစားပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပွဲအများအပြားကစားခွင့်ရခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ဘဲ သွင်းဂိုးထက် ဖန်တီးမှုတွေကသာ ထူးထူးခြားခြားပိုများနေခဲ့ပါတယ်။ လိုက်ဇစ်မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို စတန်းဖို့ဘရစ်ချ်မှာ ၀ါနာ မပြသနိုင်သေးသလို ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကိုပါ ရရှိနေခဲ့ပါတယ်။ 



က္က