မူလ ၂၀၂၀ဇွန် ၂၄မှာ စတင်ဖို့ စီစဥ်ထားတာပါ။

၂၀၂၁ကို ရွှေ့ထားတာဖြစ်ပြီး ဇွန်လနဲ့စက်တင်ဘာလအတွင်းကျင်းပဖို့ ပြန်လည် စီစဥ်ထားရာမှာ ရက်အတိအကျ ထုတ်ပြန်ပေးသွားမှာပါ။

တိုကျိုအိုလံပစ်ပြိုင်ပွဲကျင်းပရေး ကော်မတီရဲ့အမှုဆောင်ချုပ်ယိုရှီရိုမိုရီက လာမယ့်အပတ်မှာ ရက်ရွှေ့ကျင်းပထား တဲ့ အိုလံပစ်ပြိုင်ပွဲကျင်းပမယ့် နေ့ရက်အတိအကျကို ဆုံးဖြတ်အတည်ပြုမယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြ လာပါတယ်။



ဒီသတင်းကိုတော့ မိုရီက ပြီးခဲ့တဲ့ စနေ့နေမှာ ထုတ်ဖော်ပြောလာခဲ့တာ ဖြစ်ပြီး မူလ ထုတ်ပြန်ထားတဲ့ သတင်းအရ အိုလံပစ်ပြိုင်ပွဲကို ၂၀၂၀ ဇွန်လ ၂၄မှာ စတင် ကျင်းပဖို့စီစဥ်ထားတာပါ။

အခုတစ်ကြိမ် ၂၀၂၁ကို ရက်ရွှေ့လိုက်တဲ့ အိုလံပစ်ပွဲတော်ကိုလည်း ဇွန်လနဲ့စက်တင်ဘာလအတွင်းမှာ ပြန်လည် ကျင်းပဖို့ စီစဥ်ထားတယ်လို့ မိုရီက Nippon တီဗွီကို ပြောခဲ့တာပါ။

“လာမယ့် တစ်ပတ်ထဲမှာ နောက်ဆုံး အခြေအနေကို ပြောပြသွားချင်ပါတယ်၊ပွဲတော်ကတော့ နွေရာသီမှာပဲ ကျင်းပဖို့ ရှိမှာပါ။ဒါကြောင့် ဇွန်လနဲ့ စက်တင်ဘာအတွင်း ကျင်းပဖို့ပဲ ရည်ရွယ်ထားပါတယ်။”လို့ ပြောသွားတာပါ။

ဂျပန်တိုကျိုအိုလံပစ်ပွဲတော်အပါအဝင် ၂၀၂၀ ယူရို ပြိုင်ပွဲကိုလည်း ၂၀၂၁ကို ရက်ရွှေ့ထားရပြီး လက်ရှိမှာ ကမ္ဘာနှင့် အဝန်း အားကစားပြိုင်ပွဲတွေ အားလုံးနီးပါး ရပ်နားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က