၂၀၂၁ကို ‌ရွှေ့ပြောင်းကျင်းပရဖို့ များ‌နေတာပါ။
Kyaw Ko Ko Sint

ဗြိတိန်အိုလံပစ်အဖွဲ့အစည်း ဥက္ကဌကလည်း ကနေဒါ၊သြစ‌တြေးလျတို့နည်းတူ ကစားသမားတွေ မစေလွှတ်တော့ ဘူးလို့ ပြောလာပြပြီ။

နိုင်ငံတကာအိုလံပစ်ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဒစ်ပေါင်ရဲ့ ပြောပြချက်အရ ၂၀၂၀ တိုကျိုအိုလံပစ် ပျက်ပြယ်ဖွယ်ရှိနေပြီး ၂၀၂၁ကို ပြောင်းရွှေ့ကျင်းရနိုင်တယ်လို့ Metro.com သတင်းဌာနက ဖော်ပြလာပါတယ်။

ပေါင်ရဲ့ ပြောပြချက်အရ ဆုံးဖြတ်ချက်ကို ချနှင့်ပြီး ဖြစ်တယ်လို့တောင်သိရပြီး မူလသတ်မှတ်ထားတာက ဇူလိုင် ၂၄မှာ စတင်ကျင်းပဖို့ စီစဥ်ထားတာပါ။

“အခြေခံအားဖြင့်တော့ ဆုံးဖြတ်ပြီးသွားပါပြီ။ဒါကြောင့် ပြိုင်ပွဲဟာ ဇူလိုင် ၂၄မှာစတင်နိုင်တော့မှာမဟုတ်ပါဘူး။”လို့ ပေါင်က USA Today မီဒီယာကို ပြောလာတာပါ။

လက်ရှိမှာလည်း ကနေဒါနဲ့သြစ‌‌တြေးလျနိုင်ငံတွေက သူတို့နိုင်ငံက ကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲကို မစေ လွှတ်တော့ဘူးလို့ မနေ့ကတည်းက သတင်းထုတ်ပြန်ထားပါတယ်။

ဗြိတိန်ရဲ့အိုလံပစ်အဖွဲ့အစည်း ဥက္ကဌ ဟုချ်ရော်ဘတ်ဆန်ကလည်း မူလကတည်းက ကနေဒါနဲ့သြစတြေးလျတို့ နည်းတူ ကစားသမားတွေ မစေလွှတ်တော့ဖို့ စီစဥ်ထားနှင့်ပြီး ဖြစ်တယ်လို့လည်း ဆိုလာပါတယ်။

ဒါပေမယ့်လည်း အတည်ပြုချက်ကိုတော့ လာမယ့် လေးပတ်အကြာမှသာ ထုတ်ပြန်ပေးနိုင်လိမ့်မယ်လို့ နိုင်ငံတကာ အိုလံပစ်ကော်မတီက ထုတ်ပြန်ထားပြီး ၂၀၂၁မှာမှ ပြန်လည်အစားထိုးကျင်းပမယ်လို့တော့ သိရပါတယ်။

“လက်ရှိအခြေအနေအရ ဆက်လက်ကျင်းပနိုင်ဖို့ နည်းလမ်း လုံးဝမမြင်ပါဘူး၊ဒါကြောင့် ကျွန်တော်တို့လည်း ကနေဒါ၊သြစတြေးလျတို့နည်းတူ ကစားသမားတွေ စေလွှတ်ဖို့ မရှိတော့တာပါ။အခုအခြေအနေက အရမ်းရိုးရှင်းပါ တယ်။ဒါကြောင့် ကျွန်တော်တို့ ကစားသမားတွေ စေလွှတ်ဖို့ မရှိတာပါ။”လို့ ဗြိတိန်အိုလံပစ်အဖွဲ့အစည်းရဲ့ ဥက္ကဌ ရော်ဘတ်ဆန်က ဆက်လက်ပြောပါတယ်။

အိုလံပစ်ကျင်းပမယ့် ဂျပန်နိုင်ငံအနေနဲ့လည်း မတ်လ ၂၃ရက်နေ့က နောက်ဆုံးရရှိခဲ့တဲ့ သတင်းအရ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရသူ ၁၁၀၀ ကျော်မှာ သေဆုံးသူ ၄၁ဦးထိ ရှိနေခဲ့တယ်လို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ


က္က