ဂျပန်နိုင်ငံမှာ ကူးစက်ခံရသူအရေအတွက် မြင့်တက်နေဆဲပါ။
Win Kyaw Min

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် တိုးမြင့်လာခဲ့တဲ့အပေါ် ထိန်းချုပ်ဖို့အခက်အခဲအချို့ရှိ နေ ခဲ့တာလည်းဖြစ်ပါတယ်။

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ သဘောတူ ညီမှုများထွက်ပေါ်လာခဲ့ပြီး နှစ်ကုန်ပိုင်းအထိ ရွှေ့ဆိုင်းဖို့အတွက် ၉ဝရာခိုင်နှုန်းကျော်သေချာခဲ့ပြီဖြစ်တ ယ်လို့ dailymail ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အစောပိုင်းတွင် အိုလံပစ်ပြိုင်ပွဲရဲ့ ပွဲစဉ်တိုင်းအားလုံးကို ပရိသတ်အားလုံးဝင်ရောက်ကြည့်ရှု့ခွင့် မပေး ဘဲကွင်းပိတ်ကစားစေခြင်းနဲ့အတူ ရုပ်သံလိုင်းများတွင်သာ ကြည့်ရှု့ခွင့်ရရှိဖို့အတွက် ညှိနှိုင်းေ ဆွးနွေး မှု တွေရှိနေခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာလည်း ဖြစ်ပါတယ်။



“ ပြိုင်ပွဲအားလုံးကို လက်ခံကျင်းပဖို့အတွက် အသင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်အခြေ အနေ ကြောင့် ပွဲကိုရွှေ့ဆိုင်းရဖို့အထိဖြစ်လာနိုင်ပါတယ်။ ညှိနှိုင်းမှုတွေအရ ရာနှုန်းပြည့်နီးပါး ရွှေ့ဆိုင်းဖို့နီး စ ပ်နေခဲ့ပါပြီ” လို့ ဂျပန်အိုလံပစ်ကော်မတီဥက္ကဋ္ဌဟာရှီမိုတိုက အတည်ပြုပြောဆိုလိုက်တာပါ။

၃၂ကြိမ်မြောက်အဖြစ် ကျင်းပမယ့် နွေရာသီအိုလံပစ်ပြိုင်ပွဲကို လာမယ့် ဇူလိုင် ၂၄ရက်နေ့ကနေ သြဂု တ်၉ရက်နေ့အထိ ကျင်းပဖို့ရှိနေတာဖြစ်ပြီး လက်ရှိထွက်ပေါ်နေတဲ့သတင်းတွေအရ ၂၀၂၀ နှစ်ကုန်ပို င်းအထိရွှေ့ဆိုင်းဖို့ ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီဥက္ကဋ္ဌဒစ်ခ်ပေါင်ကတော့ ပြိုင်ပွဲကျင်းပမယ့် တိုကျိုမြို့အတွင်း ရောဂါကူးစက်ခံထားရသူများရှိနေမှုများကို မေလအထိစောင့်ကြည့်မည်ဖြစ်ပြီး အခြေအနေထိန်းချုပ် နိုင်ခြင်းမရှိခဲ့ပါက ပြိုင်ပွဲကိုရွှေ့ဆိုင်းဖို့ ဖိအားပေးသွားမယ်လို့လည်း ထုတ်ဖော်ပြောဆိုမှုတွေပြုု လုပ် ထားခဲ့တာပါ။


က္က