မနေ့က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့တာပါ။
Kyaw Ko Ko Sint

မူလသတ်မှတ်ထားတာက ၂၀၂၀ ဇွန် ၂၄ မှာစတင်ဖို့စီစဥ်ထားတာ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုလို တစ်နှစ်နောက်ဆုတ်လိုက်ရတာပါ။

၂၀၂၁မှာ ပြန်လည်အစားထိုးကျင်းပမယ့် တိုကျိုအိုလံပစ်ပွဲတော်ရဲ့ သတ်မှတ်ရက်ကိုတော့ ဇူလိုင်လ ၂၃ရက်ကနေ သြဂုတ်လ ၈ ရက်နေ့အထိလို့ တိုကျိုအိုလံပစ်ကော်မတီ ဥက္ကဌ မိုရီယိုရှိရိုက မနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်း လင်းပွဲမှာ အတည်ပြု ထုတ်ပြန်လိုက်တယ်လို့ ဆင်ဟွာ သတင်းဌာနက ဖော်ပြလာပါတယ်။

အလားတူ တိုကျို ပါရာလန်ပစ်ပွဲတော်ကိုလည်း သြဂုတ် ၂၄ကနေ စက်တင်ဘာ ၅ရက်နေ့အထိ ပြင်ဆင် သတ် မှတ်လိုက်တယ် လို့လည်း သိရပါတယ်။

“ပွဲတော်ပြင်ဆင်ဖို့ ဒီဆုံးဖြတ်ချက်က အရေးကြီးပါတယ်။လက်ရှိကာလမှာ အိမ်ရှင် ကျင်းပနိုင်မယ့် နိုင်ငံကို စဥ်းစားခဲ့သေးပေမယ့် နောက်ဆုံးမှာ နွေရာသီတစကျော့ပြန်ကိုသာ ဆုံးဖြတ်လိုက်ရတာပါ။အခုသတ်မှတ်ချက်က အားကစားသမားတွေအတွက် ပြင်ဆင်ချိန် ပြန်လည် အဆင်ပြေ လုံလောက်မယ်လို့လည်း ယုံကြည်ပါတယ်။” လို့ မိုရီက ဆိုခဲ့ပါတယ်။

မူလက တိုကျိုအိုလံပစ်ကို ၂၀၂၀ ဇွန် ၂၄ မှာ စတင်ကျင်းပဖို့စီစဥ်ထားပေမယ့်လည်း ကမ္ဘာနှင့်အဝန်း ကူးစက်ပျံ့ နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် အခုလို ၂၀၂၁ကို နောက်ဆုတ်လိုက်ရတာပါ။

သြစတြေးလျ အိုလံပစ်ကော်မတီ အမှုဆောင်ချုပ်ကတော့ တစ်နှစ်နောက်ဆုတ်လိုက်တဲ့အတွက် အသက်ကန့် သတ်ချက်နဲ့ ကစားရတဲ့ အမျိုးသားဘောလုံးပြိုင်ပွဲကို တစ်နှစ်ထပ်တိုးကျင်းပစေလိုတယ်လို့လည်း အကြံပြုထား တာရှိပါသေးတယ်။

အမျိုးသားဘောလုံးပြိုင်ပွဲက ၂၃နှစ်အောက်ဖြစ်လို့ ဒီနှစ်ကုန်ရင် ၂၃နှစ်ကျော်သွားမယ့် ကစားသမားတွေအတွက် နိုင်ငံကိုယ်စားပြု လက်မလွှတ်ရအောင် ၂၀၂၁မှာကျင်းပမယ့်ပွဲကို ၂၄နှစ်အောက် အဖြစ်ပြောင်းလဲကျင်းပစေချင် တာပါ။

ဒီအပေါ်မှာတော့ နိုင်ငံတကာ အိုလံပစ်ကော်မတီနဲ့ ဂျပန်အိုလံပစ်ကော်မတီတို့က အသေးစိတ်ညှိနှိုင်းဆောင်ရွက် ပေးလာခြင်းတော့ မရှိသေးပေ။


ဆက်စပ်အကြောင်းအရာများ


Author


က္က