ပြိုင်ပွဲကို တစ်နှစ်နောက်ဆုတ်ပေးဖို့ ‌‌တောင်းဆိုခဲ့တာ မအောင်မြင်တာ‌‌ကြောင့်ပါ။

အိုလံပစ်ရောပါရာလန်ပစ်ရော ကစားသမားတွေကို စေလွှတ်တော့မှာ မဟုတ်ဘူလို့ မနေ့က(တနင်္ဂနွေ)တရားဝင် သတင်းထုတ်ပြန်လိုက်တာပါ။

၂၀၂၀ ဇူလိုင်လ၂၄မှာ စတင်ကျင်းပမယ်ဆိုရင် တိုကျိုအိုလံပစ်ကို ကစားသမား စေလွှတ်တော့မှာ မဟုတ်ဘူးလို့ ကနေဒါနိုင်ငံက တရားဝင် သတင်းထုတ်ပြန်လာပါတယ်။



တနင်္ဂနွေနေ့က ဒီသတင်းကို ထုတ်ပြန်ကြေညာခဲ့တာလို့သိရပြီး ပါရာလန်ပစ်ပြိုင်ပွဲကိုလည်း စေလွှတ်သွားမှာ မဟုတ်ဘူးလို့ တပါးတည်း ကြေညာခဲ့တာပါ။

လက်ရှိအချိန်မှာလည်း ကနေဒါနည်းတူ သြစတြေးလျ အိုလံပစ်ကော်မတီကလည်း သူတို့နိုင်ငံရဲ့ ကစားနည်း ၂၅မျိုးက ကစားသမားတွေက ပြိုင်ပွဲကို ရက်ရွှေ့ပေးဖို့ တောင်းဆိုလာတဲ့အကြောင်း အကြောင်းကြားလာခဲ့ပါတယ်။



ပြိုင်ပွဲကျင်းပရေးကော်မတီကလည်း လက်ရှိမှာပြိုင်ပွဲကို ဖျက်သိမ်းဖို့(သို့)ရက်‌ရွှေ့ဖို့ကိစ္စတွေနဲ့ ခေါင်းခဲနေပြီး လာမယ့် လေးပတ်အတွင်း နောက်ဆုံးအတည်ပြုချက်ကို ထုတ်ပြန်ပေးသွားမယ်လို့ နိုင်ငံတကာအိုလံပစ် ကော်မတီ က ဆက်လက်သတင်းထုတ်ပြန်ထားပါတယ်။

ကနေဒါအိုလံပစ်ကော်မတီနဲ့ပါရာလန်ပစ်ကော်မတီတို့ရဲ့ ထုတ်ပြန်ချက်မှာတော့ - “အခုလို ခက်ခဲတဲ့ ဆုံးဖြတ်ချက် ကို ချမှတ်ဖို့အတွက် အစိုးရနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ သေချာဆွေးနွေးဆုံးဖြတ်ခဲ့ရတာပါ။မူလက ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့နိုင်ငံတကာအိုလံပစ်ကော်မတီတို့ကို ‌ခေါ်ယူပြီး ပြိုင်ပွဲကို တစ်နှစ်နောက်ဆုတ်ဖို့ ဆွေးနွေးခဲ့ပေမယ့် အဆင်မပြေလို့ အခုလို ကစားသမားမစေလွှတ်တော့တာပါ။”လို့ ပါရှိပါတယ်။

Fox Sports Asia ရဲ့ ဖော်ပြချက်အရ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာနှင့်အဝန်း လူပေါင်း ၁၄၆၀၀ရဲ့ အသက်တွေကို နှုတ်ယူသွားပြီလို့ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က