ဇူလိုင် ၂၄မှာကျင်းပဖို့ စီစဥ်ထားတာပါ။

သြစ‌တြေးလျအိုလံပစ် အားကစားသမားတွေက အိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ကို ရွှေ့ပေးဖို့ တောင်းဆိုလာခဲ့ကြပါပြီ။

နိုင်ငံတကာ အိုလံပစ်ကော်မတီက လာမယ့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ရက်ရွှေ့ ကျင်းပဖို့ရှိနေပြီး အတည်ပြုချက်ကို တော့ လာမယ့်လေးပတ်အတွင်း ဆုံးဖြတ်ချက်ချ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါ တယ်။



ဆုံးဖြတ်ချက်မှာတော့ လာမယ့် ဇူလိုင်၂၄မှာ လုပ်ဆောင်ဖို့ ဖိအားပေး ဆုံးဖြတ်ချက်မျိုး ဖြစ်လာနိုင်သလို လာမယ့် နှစ်ကို ပြောင်းရွှေ့ ကျင်းပတာမျိုးလည်း ဖြစ်လာနိုင်တယ်လို့ မတင်မချ ပြောလာပါတယ်။

ဒါပေမယ့်လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ ပြိုင်ပွဲကာလ ရက်ရွှေ့တာက နည်းလမ်းမဟုတ်ဖူးလို့ လည်း ဆိုထားတာ ရှိပါသေးတယ်။

အိုလံပစ်ပြိုင်ပွဲကို ဘယ်တုန်းမှ ရက်မရွှေ့ခဲ့ဖူးသလို ဖျက်သိမ်းခဲ့ခြင်းမျိုးလည်း မရှိခဲ့တာကြောင့် လာမယ့် တိုကျိုအို လံပစ်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ကမ္ဘာ့အားကစားသမားများအဖွဲ့အစည်း၊နိုင်ငံတကာ ပါရာလန်ပစ်ကော်မတီနဲ့ အဓိက နေရှင်နယ်အိုလံပစ်ကော်မတီတို့ပါဝင်တဲ့ တာဝန်ရှိအဖွဲ့အစည်းတွေနဲ့ စည်းဝေးဆုံးဖြတ်သွားမှာလည်းဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ အပတ်ကတော့ နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ ဥက္ကဌက အိုလံပစ်ပြိုင်ပွဲအတွက် နောက်ထပ် အစီအစဥ် မရှိဘူးလို့လည်း ဆိုထားတာရှိပါတယ်။

လာမယ့် လေးပတ်က‌တော့ ကမ္ဘာ့ကျန်းမာရေး အခြေအနေကိုများစွာ အထောက်အပံ့ဖြစ်စေမယ့် အခြေအနေမှာရှိ နေပြီး အိုလံပစ်ပြိုင်ပွဲကို ရက်ရွှေ့မရွှေ့ အဆုံးအဖြတ်က အဖြေလို့လည်း သိရပါတယ်။

လက်ရှိကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း၁၃၀၀၀ကျော် သေဆုံးခဲ့ပြီလို့သိရပြီး ဥရောပမှာဆိုရင် အီတလီ နိုင်ငံက ကူးစက်မှုနှုန်းနဲ့ သေဆုံးနှုန်းအမြင့်ဆုံးဖြစ်နေကာ မူလစတင်ဖြစ်ပွားရာတရုတ်ပြည်ထက် အသေအပျောက် ပိုများနေခဲ့ပါပြီ။

သြစ‌တြေးလျအိုလံပစ် အားကစားသမားတွေကလည်း ပြိုင်ပွဲကို လာမယ့် ၂၀၂၁ကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆို လာမှုတွေ ရှိနေပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က