ဝေဖန်သံအချို့တော့ ထွက်ပေါ်လာပါတယ်။
Kyaw Ko Ko Sint

ရော်နယ်ဒိုနောက်ပိုင်း အသင်းမှာ ပုံမှန် ဂိုးသွင်းစက်မရှိတော့တဲ့ အနေအထားမှာတိုက်စစ်မှူးသစ်မခေါ်သေးပဲ အခုချိန်မှာတော့ ခြေစွမ်းမတည်ငြိမ်တဲ့ တိုက်စစ်မှူးကို စာချုပ်သစ် သက်တမ်းတိုးလိုက်တာပဲ ဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ရော်နယ်ဒို ထွက်ခွာသွားကတည်းက ဂိုးပုံမှန်သွင်းပေးသူ မရှိတော့တာကြောင့် ကျွမ်းကျင်သူတွေနဲ့ ဘောလုံးအသိုင်းအဝိုင်းက ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူးတစ်ဦးကို ခေါ်သင့်တယ်လို့ အကြံပြု နေကြတာကြောင့် ဇန်နဝါရီစျေးကွက်မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ဖို့များတယ်လို့သတင်းများနေခဲ့ပါတယ်။



ဒါပေမယ့် Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ရှိမှာတော့ အသင်းမှာရှိနေတဲ့ အသက် ၃၂ နှစ်အရွယ် တိုက်စစ်မှူး ဘန်ဇီးမားကို ၂၀၂၂ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ထပ်တိုးချုပ်ဆိုလိုက်တာကြောင့် နောက်ထပ် တိုက်စစ်မှူး မလိုဘူးလို့ ဆိုလိုက်သ လားတောင် ထင်စရာ ဖြစ်လာခဲ့ပါတယ်။

မကြာသေးခင်ကမှ ရီးရဲ ဂန္တဝင် ဆန်းချက်က စပါးက အင်္ဂလန် တိုက်စစ်မှူး ကိန်းကို ယူရို သန်း ၂၀၀ ပေးရရင်တောင် ဝယ်သင့်တယ်လို့ အကြံပြုထားပြီး ဒါဟာ ဘန်ဇီးမားတစ်ဦးတည်းကို အားကိုးနေရတာထက် များစွာ အကျိုးရှိစေမယ်လို့ သုံးသပ်ထားတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အခုလို ဘန်ဇီးမားအသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်တဲ့ အပေါ်မှာတော့ ဥက္ကဌဖြစ်သူ ပီရက်ဇ်နဲ့ ဘန်ဇီးမားအကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကြောင့်လို့ ဝေဖန်သံတွေလည်း ထွက်လာပါတယ်။

ဒါ့အပြင် ပြင်သစ် လက်ရွေးစင်အသင်းကနေလည်း ချန်လှပ်ခံထားရတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သလို အသင်းမှာ လည်းခြေစွမ်းပုံမှန်မပြနိုင်ပဲ ရှိနေသူကို ဆက်လက်အားကိုးပြီး ရီးရဲ ဘယ်လို စခန်းသွားမလဲဆိုတာလည်း စပိန်မီဒီ ယာတွေထက်မှာ ပျံ့နှံ့စွာ ဝေဖန်နေကြပြီလို့ Marca သတင်းဌာနက ဖော်ပြထားပါသေးတယ်။


က္က