အက်စ်ပန်ညိုအသင်းမှာ ကစားနေတာဖြစ်ပါတယ်။
Pyae Phyo Thein

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝူလိုင်ကို လက်ရှိမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့လည်း တရုတ်ဘောလုံးအဖွဲ့ချုပ်က ပြောဆိုခဲ့ပါတယ်။ 


အက်စ်ပန်ညိုအသင်းမှာ ကစားနေတဲ့ တရုတ်လက်ရွေးစင်အသင်းတိုက်စစ်မှူးဝူလိုင်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ တရုတ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုသတင်းထုတ်ပြန်သွားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝူလိုင်ကို လက်ရှိမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့လည်း တရုတ်ဘောလုံးအဖွဲ့ချုပ်က ပြောဆိုခဲ့ပါတယ်။ 

"ဝူလိုင်က ရောဂါလက္ခဏာတွေပြသနေပြီး လက်ရှိတော့ ဆေးကုသမှုတွေ ခံယူနေပါတယ်၊ ကျွန်တော်တို့အဖွဲ့ချုပ်အနေနဲ့ ကစားသမားနဲ့ရော၊ ကလပ်အသင်းနဲ့ပါ အမြဲတမ်းအဆက်အသွယ်တွေရှိနေပါတယ်၊ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကိုလည်း ပြုလုပ်ပေးထားပါတယ်၊ ဝူလိုင်အမြန်ဆုံးသက်သာလာစေဖို့ မျှော်လင့်ပါတယ်" လို့ တရုတ်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

ဝူလိုင်အနေနဲ့ ဘာစီလိုနာမြို့က အိမ်မှာ သီးခြားနေထိုင်နေတယ်လို့လည်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ တရုတ်ရဲ့ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခံထားရတဲ့ ဝူလိုင်ဟာ အက်စ်ပန်ညိုအတွက် ဒီရာသီမှာ ၇ ဂိုးအထိ သွင်းယူပေးထားသူ ဖြစ်ပြီး စပိန်လာလီဂါမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးတရုတ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သူဖြစ်ပါတယ်။

မြို့ခံပြိုင်ဘက်ဘာစီလိုနာအသင်းကိုလည်း ဂိုးသွင်းယူဖူးသူဖြစ်ပြီး ရှန်ဟိုင်း SIPG ကနေ အက်စ်ပန်ညိုကို ပြောင်းရွှေ့ခဲ့ပြီးနောက် တရုတ်မှာ လာလီဂါပွဲစဉ်တွေကို ကြည့်ရှုသူ အများအပြားတိုးပွားလာခဲ့ပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတလွှားမှာ လူဦးရေတစ်သောင်းနီးပါးအထိ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ 


Author


က္က