လိုင်ယွန်ကို လှပတဲ့ကန်သွင်းချက်နဲ့ ဂိုးသွင်းနိုင်ခဲ့သူပါ။
Pyae Phyo Thein

အသက် ၂၅ နှစ်အရွယ် နာဘရီဟာ အသင်းအတွက် လှပတဲ့သွင်းဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးခဲ့ပြီး လီဝန်ဒေါစကီးရဲ့ ပိတ်သွင်းယူမှုကနေတဆင့် ထပ်ဆင့်သွင်းယူကာ နှစ်ဂိုးရရှိခဲ့ပါတယ်။ 


လိုင်ယွန်နဲ့ပွဲမှာ ဘိုင်ယန်အတွက်ခြေစွမ်းပြပြီး ၂ဂိုးသွင်းယူခဲ့တဲ့ နာဘရီဟာ ဘောလုံးလောကရဲ့အတိုးတက်ဆုံးကစားသမားတစ်ဦးလို့ ရီယိုဖာဒီနန်က ချီးကျူးသွားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် နာဘရီဟာ အသင်းအတွက် လှပတဲ့သွင်းဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးခဲ့ပြီး လီဝန်ဒေါစကီးရဲ့ ပိတ်သွင်းယူမှုကနေတဆင့် ထပ်ဆင့်သွင်းယူကာ နှစ်ဂိုးရရှိခဲ့ပါတယ်။ 

အာဆင်နယ်ကစားသမားဟောင်းဟာ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပြီး ဒီရာသီမှာ အသင်းအတွက် ၄၄ ပွဲကစားပေးခဲ့ရာမှာ ၂၁ ဂိုးသွင်းယူကာ ၁၄ ကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ နာဘရီရဲ့ အံ့အားသင့်ဖွယ်ရာတိုးတက်လာခဲ့တဲ့ ခြေစွမ်းကို ပရိသတ်တွေလည်း အံ့အားသင့်ခဲ့ရပြီး အာဆင်နယ်မှာ မတောက်ပခဲ့မှုတွေနဲ့ နှိုင်းယှဉ်မှုတွေလည်း ရှိနေခဲ့ပါတယ်။ 

BT Sports ကတဆင့် ဖာဒီနန်က "သူ့ရဲ့ အချက်အလက်တွေက အံ့အားသင့်စရာတွေပဲ၊ ထိပ်တန်းအဆင့်ကို သူရောက်ရှိနေပြီဖြစ်ပြီး ကမ္ဘာ့အဆင့်ကို တက်လှမ်းနေပါတယ်၊ ဂျာမနီကို သူ ရောက်ခဲ့ပြီး တောက်ပခဲ့သလို ဒီနေ့ညမှာလည်း တကယ်ကို ကြက်သေသေလောက်တဲ့ ခြေစွမ်းကိုပြသခဲ့တာပါ၊ သူ့ရဲ့ ဆုံးဖြတ်ချက်တွေကလည်း ထူးခြားမှုတွေရှိနေခဲ့ပါတယ်"

"သူက လက်ရှိမှာ ကမ္ဘာ့အတိုးတက်ဆုံးကစားသမားတစ်ဦးလို့ ကျွန်တော်ပြောချင်တယ်၊ ဘယ်သူမှ ဒီလိုအဆင့်မျိုးကို ထက်မြက်မှုတွေနဲ့ မသွားနိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်၊ သူ ဘယ်နေရာကိုရောက်နေပြီလဲ၊ အာဆင်နယ်နဲ့ ဝက်ဘရွန်းစ်တို့ရဲ့ စွန့်ပစ်မှုကိုခံရပြီးနောက် သူအခု ဘယ်လိုနေရာကိုရောက်နေပြီလဲဆိုတာ အံ့အားသင့်စရာပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


အိုဝင်ဟားဂရေ့ဗ်ကလည်း "ဆုံးဖြတ်ချက်ကောင်းတွေ သူချနိုင်ခဲ့ပါတယ်၊ ဘယ်အချိန်မှာ သူ ပြေးလွှားရမယ်ဆိုတာကိုလည်း ကောင်းကောင်းသိတယ်၊ ပြီးတော့ မယုံကြည်နိုင်လောက်တဲ့ အဆုံးသတ်သူတစ်ဦးပါ" လို့ ပြောဆိုခဲ့ပါတယ်။ နာဘရီကတော့ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၉ ဂိုးအထိရရှိခဲ့ပြီး တစ်ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ 


Author


က္က