ပေါ်တူဂီယူ၁၇ အမျိုးသမီးအသင်းကို ပေးပို့ခဲ့တာပါ။

ပေါ်တူဂီနဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုဟာ ပေါ်တူဂီ ယူ၁၇ အမျိုးသမီးအသင်းကို စာရေးသားအားပေးခဲ့ပြီး ဘောလုံးကန်ဖိနပ်တွေကို လက်ဆောင်အဖြစ် ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ လူငယ်ကစားသမားတွေအပေါ်မှာ အခုလိုမျိုး မကြာခဏပြုလုပ်ပေးလေ့ရှိသူဖြစ်ပြီး ယူနိုက်တက်တိုက်စစ်မှူးရက်ရှ်ဖို့ဒ်ကိုလည်း ပြုလုပ်ပေးခဲ့ပါတယ်။

ရော်နယ်ဒိုက ပေါ်တူဂီ ယူ၁၇ အမျိုးသမီးအသင်းသားတွေအတွက် စိတ်ပိုင်းဆိုင်ရာခွန်အားဖြစ်စေဖို့ ဖန်တီးပေးခဲ့တာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီအမျိုးသမီးအသင်းကတော့ အစ္စရေးကို ၄-၁၊ လတ်ဗီးယားကို ၄-၀ တို့နဲ့ အနိုင်ရရှိထားပြီး မနေ့က ကစားခဲ့တဲ့ နယ်သာလန်နဲ့ပွဲမှာတော့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ကာ ယူရို ၂၀၂၀ ခြေစစ်ပွဲပထမအဆင့်ကို အောင်မြင်သွားခဲ့ပါတယ်။

ရော်နယ်ဒိုက ရေးသားပေးပို့ခဲ့တဲ့ စာထဲမှာတော့ "ဟိုင်း..မိန်းကလေးတို့.. ငါပေးလိုက်တဲ့ ဘောလုံးကန်ဖိနပ်တွေက မင်းတို့ရဲ့အိပ်မက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်၊ ငါကလေးဘဝကလည်း ရိုးရှင်းခဲ့ပေမယ့်လည်း အိပ်မက်တွေအများကြီးရှိခဲ့တာပါ၊ ဒါပေမယ့်လည်း အိပ်စက်နေရုံနဲ့တော့ မက်တဲ့အိပ်မက်မျိုးမဟုတ်ပဲ အရမ်းကို ရူးရူးမူးမူးဖြစ်ခဲ့တဲ့ အိပ်မက်ပါ"

"ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာဖို့ ငါ အိပ်မက်မက်ခဲ့ဖူးပါတယ်၊ ငါ့အိပ်မက်တွေအတွက် ငါ့ဘဝကို အကောင်းဆုံးဖန်တီးခဲ့ပါတယ်၊ လေ့ကျင့်ရေးခန်းမ၊ လေ့ကျင့်ရေးကွင်းတွေထဲမှာ လိုအပ်တာတွေ၊ ဖြစ်နိုင်တာတွေအကုန်လုံးကို ငါလုပ်ခဲ့တာပါ၊ အိပ်မက်တစ်ခုအတွက် ဒါတွေက အရေးအကြီးဆုံးပါပဲ၊ မင်းတို့လည်းပဲ မင်းတို့အိပ်မက်တွေကို အသက်သွင်းနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်၊ ခြေစစ်ပွဲနောက်တဆင့်ကို တက်ရောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်" လို့ ရော်နယ်ဒိုက စာရေးသားပေးပို့ပြီး အားပေးခဲ့ပါတယ်။


ပေါ်တူဂီနိုင်ငံရဲ့ ဂုဏ်ဆောင်ကစားသမား ရော်နယ်ဒိုဆီက ရရှိခဲ့တဲ့ အားပေးစကားတွေကတော့ ပေါ်တူဂီ ယူ၁၇ အမျိုးသမီးတွေအတွက်တော့ ခွန်အားဖြစ်စေမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။



က္က