loading...

loading...

loading...

ပေါ့ဘာနဲ့ရီးရဲတို့ အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေကြပြီဖြစ်ပါတယ်။
Kg Htet

တနင်္လာနေ့ညမှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက သတင်းတွေကို Duwun Sports ပရိသတ်ကြီးဖတ်ရှုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

-မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့အတွက် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ပြင်သစ်က ဂျာနယ်လစ်တွေရဲ့ပြောကြားချက်အရ သိရပါတယ်။ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်အသင်းမှာရှိစဉ်ကတည်းက ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့လိုနေသူဖြစ်ပြီး ယူနိုက်တက်မှာ ရုန်းကန်နေရပြီးနောက် ပြောင်းရွှေ့ဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

-အက်သလက်တီကိုမက်ဒရစ်နဲ့ နာပိုလီအသင်းတို့ဟာ တော့တင်ဟမ်ဟော့စပါးညာနောက်ခံကစားသမား ထရစ်ပီယာကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ Daily Mail ရဲ့သတင်းအရ သိရပါတယ်။ စပါးအသင်းဟာ ယခုရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ၅ နှစ်ကျန်ရှိနေသေးတဲ့ ထရစ်ပီယာကို ထွက်ခွာခွင့်ပေးဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ထရစ်ပီယာကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသလာတဲ့နောက်ဆုံးအသင်းဖြစ်ပြီး နာပိုလီအသင်းနဲ့အပြိုင်ခေါ်ယူဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

-ရီနာတိုဆန်းချက်စ်ဟာ ပထမအသင်းမှာ ပါဝင်ကစားခွင့်ရရှိဖို့အတွက် ဘိုင်ယန်မြူးနစ်အသင်းကို စွန့်ခွာဖို့ အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူငယ်ကွင်းလယ်ကစားသမားဟာ နိုဝင်ဘာလကတည်းက ပွဲထွက်ကစားခွင့် မရရှိခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ ၎င်းအနေနဲ့ ပုံမှန်ပွဲကစားချိန် ရရှိမယ့်အသင်းသစ်ကို ရှာဖွေချိန်တန်ပြီလို့ ခံစားနေရတာဖြစ်ပါတယ်။

-အင်တာမီလန်အသင်းဟာ ယခုနွေရာသီမှာ ဂျူအန်ရီကွယ်မီးအသစ်တစ်ယောက်ဖြစ်တဲ့ သြဂတ်စတင်းအယ်မန်ဒရာကို ခေါ်ယူဖို့ ပြိုင်ပွဲထဲကို ဝင်ရောက်လာပြီဖြစ်ကြောင်း Calciomercato ရဲ့သတင်းအရ သိရပါတယ်။ မန်ချက်စတာစီးတီးနဲ့ နာပိုလီအသင်းတို့ကလည်း အသက် ၁၉ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ကြပြီးဖြစ်ပြီး အင်တာမီလန်အသင်းက ယူရိုသန်း ၂၀ နဲ့ ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။


loading...

က္က