ဆေးစစ်မှုတွေပြုလုပ်ပြီးခဲ့ပြီဖြစ်ပါတယ်။

လက်ရှိမှာ ရီးရဲလ်အသင်းသားတွေအနေနဲ့ COVID-19 ရှိ၊မရှိဆိုတာကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပြီဖြစ်ပြီးတော့ ကစားသမားအားလုံးမှ ကင်းစင်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။


လာမယ့်တနင်္လာနေ့မှာ အသင်းလေ့ကျင့်ခန်းအစီအစဉ်တွေကို ပြန်လည်စတင်တော့မယ်လို့ ရီးရဲလ်မက်ဒရစ်အသင်းက အတည်ပြုသွားခဲ့ပြီဖြစ်ပါတယ်။ မေလ ၁၁ ရက်နေ့မှာ ဘာနေဗျူးကလပ်ဟာ လေ့ကျင့်မှုတွေပြန်လည်ပြုလုပ်တော့မှာဖြစ်ပြီးတော့ အသင်းပိုင်ဝက်ဘ်ဆိုက်ကတဆင့် သူတို့ရဲ့အစီအစဉ်တွေကို ဖော်ပြသွားခဲ့ပါတယ်။

လက်ရှိမှာ ရီးရဲလ်အသင်းသားတွေအနေနဲ့ COVID-19 ရှိ၊မရှိဆိုတာကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပြီဖြစ်ပြီးတော့ ကစားသမားအားလုံးမှ ကင်းစင်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။ စပိန်သတင်းစာတွေက ဖော်ပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ဘာစိလိုနာအသင်းကလည်း ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီး သူတို့အသင်းလည်းပဲ လေ့ကျင့်ခန်းဆင်းမယ့်နေ့ရက်ကို အတည်ပြုထားပြီးဖြစ်ပါတယ်။ 

ဇီဒန်းကတော့ လာမယ့်တနင်္လာနေ့မှာ လေ့ကျင့်ခန်းပြန်လည်ပြုလုပ်ဖို့ ရွေးချယ်ဆုံးဖြတ်ခဲ့ပါတယ်။ ကစားသမားတွေအနေနဲ့ Valdebebas အိမ်ရာမှာသာ နေထိုင်ပြီး ပွဲကစားရမှာဖြစ်ကာ လေ့ကျင့်ခန်းအစီအစဉ်တွေမှာလည်း ကစားသမား ၆ဦးနှုန်းနဲ့သာ လေ့ကျင့်သွားရမှာဖစြ်ပါတယ်။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦးကြားမှာ ဘယ်လိုဆက်သွယ်မှုမျိုးမှ မပြုလုပ်ရဘူးလို့ တားမြစ်ထားပြီး လူလူချင်းအနီးကပ်ဆက်ဆံမှုတွေကိုလည်း ရှောင်ရှားရမှာဖြစ်ပါတယ်။ 

စပိန်လာလီဂါကတော့ ဇွန်လအတွင်းမှာ လိဂ်ပွဲစဉ်တွေကို ပြန်လည်စတင်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကလပ်အသင်းတိုင်းက ဆေးစစ်မှုတွေကို စတင်ပြုလုပ်နေကြပြီဖြစ်ပြီးတော့ လေ့ကျင့်ရေးကွင်းမှာလည်း ကစားသမားတွေအတွက် အသင့်ဖြစ်နေအောင် ဖန်တီးပေးနေကြပြီဖြစ်ကာ အက်သလက်တီကိုမက်ဒရစ်ကတော့ ဒီင်္နေ့မှာပဲ စတင်လေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ 



က္က