ရီးရဲလ်အတွက် ၄ ပွဲ၊ ဘိုင်ယန်အတွက် ၃ပွဲ ကစားပေးခဲ့တာပါ။
Pyae Phyo Thein

အိုဒရီအိုဇိုလာဟာ ပထမရာသီဝက်မှာ ရီးရဲလ်မက်ဒရစ်အတွက်ကစားပေးခဲ့ပြီး ဒုတိယရာသီဝက်ကို ဘိုင်ယန်မြူးနစ်မှာ အငှားနဲ့သွားရောက်ကစားခဲ့ရသူဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံလူအိုဒရီအိုဇိုလာဟာ တစ်ရာသီအတွင်းမှာပဲ ဘွန်ဒက်လီဂါဖလားနဲ့ လာလီဂါဖလားတို့ကို တစ်ပြိုင်နက်တည်းဆွတ်ခူးသူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်က ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့ပြီး လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့နောက်မှာ အဆိုပါရှားပါးမှတ်တမ်းကို ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

အိုဒရီအိုဇိုလာဟာ ပထမရာသီဝက်မှာ ရီးရဲလ်မက်ဒရစ်အတွက်ကစားပေးခဲ့ပြီး ဒုတိယရာသီဝက်ကို ဘိုင်ယန်မြူးနစ်မှာ အငှားနဲ့သွားရောက်ကစားခဲ့ရသူဖြစ်ပါတယ်။ ဒါကေမယ့်လည်း အဆိုပါအသင်းနှစ်သင်းအတွက် စုစုပေါင်းမှ ၉ ပွဲသာကစားခဲ့ရပြီး အမှတ်ပေးဖလားနှစ်လုံးရယူနိုင်ခဲ့ကာ ထူးခြားတဲ့မှတ်တမ်းပိုင်ရှင်ဖြစ်လာခဲ့ပါတယ်။ 

ညာနောက်ခံလူအဖြစ်ကစားနေတဲ့ အိုဒရီအိုဇိုလာဟာ နှစ်သင်းစလုံးမှာ ပုံမှန်ကစားခွင့်ရဖို့အတွက်ကိုတော့ ရုန်းကန်ခဲ့ရပါတယ်။ လာလီဂါမှာ ဒန်နီကာဗာဂျယ်ဒဏ်ရာကြောင့် အနားယူရချိန်မှာမှ ဝင်ရောက်ကစားခွင့်ရရှိခဲ့ပြီး ရာသီဝက်ကာလမှာ သူ့ကိုအငှားနဲ့ပြောင်းရွှေ့ဖို့အတွက် နည်းပြဇီဒန်းက ခွင့်ပြုခဲ့ပြီး ဘိုင်ယန်ကိုရောက်ရှိခဲ့ကာ ဘင်ဂျမင်ပါဗက်နဲ့ နေရာလုခဲ့ရပါတယ်။ 

ရီးရဲလ်ဆိုဆီဒက်ကစားသမားဟောင်းဟာ အရည်အသွေးပြည့်ဝတဲ့ကစားသမားဖြစ်ပေမယ့်လည်း ရီးရဲလ်နဲ့ ဘိုင်ယန်တို့မှာ ပုံမှန်ကစားခွင့်နေရာကိုတော့ အခြားအသင်းဖော်တွေကရရှိထားခဲ့ပြီးဖြစ်ပါတယ်။ ပွဲအနည်းငယ်သာ ကစားပေးခဲ့ရပေမယ့်လည်း အိုဒရီအိုဇိုလာဟာ အသင်းရဲ့အစိတ်အပိုင်းအဖြစ် ပါဝင်ပတ်သက်နိုင်ခဲ့တာကြောင့် ဆုဖလားနှစ်လုံးကို တစ်ရာသီအတွင်းမှာပဲ ရယူနိုင်ခဲ့တာဖြစ်တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ 


Author


က္က