၎င်းရဲ့ဆုံးဖြတ်ချက်အတိုင်းခွင့်မပြုရင် ဒုတိယအကြိမ်ထွက်ခွာမယ်လို့ ပြောခဲ့တာပါ။
Kg Htet

ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းဟာ ၎င်းရဲ့အသင်းလူစာရင်းရွေးချယ်မှုကို ဘုတ်အဖွဲ့က ဝင်ရောက်စွက်ဖက်ပါက ဒုတိယအကြိမ်အသင်းကနေ ထွက်ခွာဖို့ တွန့်ဆုတ်နေမှာမဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။

စပိန်ကသတင်းတွေအရ ဇီဒန်းဟာ ၎င်းရဲ့သားဖြစ်သူ လူကာဇီဒန်းကို ယခုရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ ကေလာနားဗက်စ်မရှိတော့တဲ့အချိန်မှာ ကော်တိုရစ်ရဲ့နောက် အသင်းရဲ့ဒုတိယဂိုးသမားအဖြစ် ရွေးချယ်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။



လာလီဂါပွဲစဉ် ၂ ပွဲသာ ပါဝင်ကစားပေးဖူးတဲ့ လူကာဇီဒန်းရဲ့ အဆင်သင့်ဖြစ်မှုနဲ့ပတ်သက်ပြီး သံသယဖြစ်စရာတွေရှိနေပြီး Marca ရဲ့ဖော်ပြချက်အရ ရီးရဲမက်ဒရစ်ဘုတ်အဖွဲ့ဟာ လီဂါနက်စ်ကို အငှားချထားတဲ့ အန်ဒရီလူနင်ကို ဒုတိယဂိုးသမားအဖြစ် ပိုမိုသဘောကျနေတယ်လို့ ဆိုပါတယ်။

ရီးရဲမက်ဒရစ် ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့နွေရာသီက ဇီဒန်းထွက်ခွာမှုကြောင့် အံ့အားသင့်ခဲ့ရပြီး ဆိုးရွားတဲ့ရလဒ်တွေကြောင့် မတ်လမှာ နည်းပြအဖြစ် ပြန်လည်ခေါ်ယူ ခန့်အပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

“လာမယ့်ရာသီအတွက် ဘယ်သူက ပထမဂိုးသမားလဲ၊ ဒုတိယဂိုးသမားလဲဆိုတာ ခင်ဗျားကို ပြောပြမယ်။ အဲဒါက ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ဖြစ်မှာပါ။ ဟုတ်တာပေါ့။ အသင်းအတွက် ဆုံးဖြတ်ချက်ချမှတ်ရမယ့်သူက ဘယ်သူလို့ ခင်ဗျား ထင်လို့လဲ။ ဒါက ရေလိုမျိုးကို ရှင်းလင်းနေတဲ့ကိစ္စလေ။ ကျွန်တော်က နည်းပြပါ။ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချမှတ်မှာပါ။ အဲဒီလိုမှမဟုတ်ရင် ကျွန်တော် အသင်းကနေ ထွက်ခွာမှာပါ”လို့ ရီးရဲဘက်တစ်နဲ့ပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က