စပါးအသင်းက အဝေးကွင်းကစားရမှာပါ။

စပါးနဲ့မီလန်အသင်းတို့ ဒုတိယအဆင့် ခြေစစ်ပွဲကနေ စတင်ကစားရပြီး အဝေးကွင်းကစားရမှာပါ။

စက်တင်ဘာလ ၁၇ရက်နေ့မှာတော့ ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲတွေကို စတင်ကစားစေမှာ ဖြစ်ပြီး နာမည်ကြီး စပါး၊မီလန် အသင်းတို့ အဝေးကွင်းကစားရမှာပါ။



စပါးအသင်းကတော့ ဘူဂေးလ်ရီးယားကလပ် လိုကိုမိုးတစ်ပလော့ပ်ဒစ်ပ်အသင်းနဲ့ အဝေးကွင်းကစားရမှာ ဖြစ်ပြီး ရိန်းဂျားအသင်းက လင်ကွန်းရက်ဒ်အသင်းနဲ့ကစားရမှာ ဖြစ်ပါတယ်။

နည်းပြမော်ရင်ဟိုရဲ့ စပါးအသင်းကတော့ အာဆင်နယ်အသင်းက ချဲလ်ဆီးကို နိုင်ပြီး အက်ဖ်အေဖလားချန်ပီယံ ဖြစ်ခဲ့သလို လက်စတာကလည်း အဆင့် ၅နဲ့ ရာသီသိမ်းခဲ့လို့ အခုလို ခြေစစ်ပွဲကနေ စတင်ကစားခဲ့ရတာပါ။

ပြိုင်ဖက်အသင်းကတော့ မနှစ်က ဘူဂေးလ်ရီးယားလိဂ်မှာ အဆင့် ၂ရခဲ့တဲ့ အသင်းဖြစ်ပြီး နည်းပြ ဂျာရတ်ရဲ့ ရိန်း ဂျားအသင်းကတော့ ဂျီဘရော့တာအသင်း လင်ကွန်းနဲ့နဲ့ ကစားရမှာပါ။

အိုင်ယာလန်ကလပ် ရှမ်းရော့ရိုဗာအသင်းက စီးရီးအေဆိုဒ် မီလန်အသင်းနဲ့တွေ့ဆုံနေပြီး ရိုဗာအသင်းက ဥက္ကဌ ဂျို နသန်ရိုချီကတော့ သူတို့အသင်းအနေနဲ့ အေစီမီလန်ကို သူတင်ကိုယ်တင် ကစားနိုင်မယ်လို့ ယုံကြည်နေပါတယ်။

၉၂သင်း ကစားမယ့် ဒုတိယအဆင့်မှာ အနိုင်ရအသင်းက နောက်တစ်ဆင့်ဖြစ်တဲ့ တတိယအဆင့် ခြေစ်ပွဲကို ဆက် လက်ကစားရမှာ ဖြစ်ပြီး တစ်ကျော့တည်းသာ ကစားမှာ ဖြစ်လို့ အဝေးကွင်းကစားရမယ့် အသင်းတွေအတွက် အနည်းငယ် အခက်တွေ့နိုင်ပါတယ်။

အရင်နှစ်တွေက အိမ်ကွင်းအဝေးကွင်း နှစ်ကျော့ ကစားပေမယ့် ကိုဗစ်ကူးစက်ရောဂါကြောင့် ဘောလုံးပွဲတွေကို ကွင်းပိတ်ကစားစေသလို ပြိုင်ပွဲကိုလည်း တစ်ကျော့တည်းသာ ကစားစေတော့တာပါ။

ပလေးအော့ဖ်အဆင့်ကိုတော့ အောက်တိုဘာ ၁ရက်နေ့မှာ ကစားမှာ ဖြစ်ပြီး အုပ်စုအဆင့်ပွဲတွေကိုတော့ အောက် တိုဘာ ၂၂မှာစတင်ကစားစေမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က