ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုရခဲ့ပေမယ့်မပြောင်းရွှေ့နိုင်ခဲ့တာပါ။
Pyae Phyo Thein

မေဂျာလိဂ်ကလပ်လော့အိန်ဂျလိစ်အသင်းတိုက်စစ်မှူးကားလို့စ်ဗီလာက သူ့အနေနဲ့ ဘာစီလိုအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး ကိုယ်တိုင်လည်းသွားရောက်ကစားချင်ခဲ့ပေမယ့် ကလပ်အသင်းဘက်က ခွင့်မပြုခဲ့လို့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုမှု ပြုလုပ်သွားခဲ့ပါတယ်။

မက္ကဆီကိုတိုက်စစ်မှူးကားလို့စ်ဗီလာဟာ ပြီးခဲ့တဲ့နှစ်ဇန်နဝါရီလအတွင်းမှာ ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။ လေးလစာချုပ်နဲ့ ဘာစီလိုနာက ကမ်းလှမ်းခဲ့တာဖြစ်ပြီး မေဂျာလိဂ်ကလပ်အသင်းဘက်က လက်ခံခဲ့ရုံနဲ့ ဘာစီလိုနာမှာ ကစားခွင့်ရရှိမှာဖြစ်ပေမယ့်လည်း အဆိုပါအခွင့်အရေးကို ဆုံးရှုံးခဲ့ရပါတယ်။ 

"အဲဒီတုန်းက ဘာစီလိုနာက လေးလစာချုပ်နဲ့ ကမ်းလှမ်းခဲ့တာပါ၊ ကျွန်တော်ကလည်း အဲဒါကို လက်ခံချင်ခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ ဒါက အရမ်းကောင်းမွန်တဲ့ အခွင့်အရေးဖြစ်ခဲ့လို့ပါ၊ သူတို့ကလေးလပဲစာချုပ်မယ်ပြောခဲ့တာပါ၊ ကျွန်တော်က နှစ်နှစ်စာချုပ်ချုပ်မယ်လို့ မပြောခဲ့ပါဘူး၊ ဒါပေမယ့် လော့အိန်ဂျလိစ်က ကျွန်တော့်ကို ခွင့်မပြုခဲ့ပါဘူး"

"'အဲဒါကို ကျွန်တော်နားလည်ပါတယ်၊ သူတို့ကလည်း အသင်းအတွက် အကောင်းဆုံးအရာကို လုပ်ခဲ့ကြတာပါ၊ ကျွန်တော်ကြိုးစားခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး၊ ဘာမှဖြစ်မလာခဲ့ပေမယ့်လည်း ကိစ္စမရှိပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်ဒီမှာပိုပြီးတော့ ပျော်ရွှင်နေလို့ပါ" လို့ ကားလို့ဗီလာက GQ Mexico နဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့ပါတယ်။ 

ကားလို့စ်ဗီလာကတော့ အာဆင်နယ်၊ ရီးရဲလ်ဆိုဆီဒက်တို့မှာ ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။ လော့အိန်ဂျလိစ်ကို ၂၀၁၈ မှာ ရောက်ရှိခဲ့ပြီး အသင်းအတွက် ၆၄ ပွဲကစားပေးခဲ့ရာမှာ ၅၂ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ်နဲ့ပါ တာဝန်ယူနေရတာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က