ရဟတ်ယာဥ်််််််််််််ပျက်ကျမှုမှာ အသက်ဆုံးရှုံးခဲ့တာပါ။
Kyaw Ko Ko Sint

ဘတ်စကတ်ဘော အားကစားလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ခဲ့ရပြီး ကမ္ဘာတလွှားက ပရိသတ်တွေနဲ့ အားကစားချစ်မြတ်နိုးသူတွေအတွက် ကြေကွဲဖွယ်နေ့တစ်နေ့ ဖြစ်ခဲ့ရပါတယ်။

တနင်္ဂနွေနေ့ နံနက်ပိုင်းက ရဟတ်ယာဥ်ပျက်မှုမှာ အသက်ဆုံးရှုံးခဲ့တဲ့ NBA ဘတ်စကတ်ဘော ဂန္တဝင်ကစားသမား ကြီး ကိုဘီနဲ့ ၁၃ နှစ်အရွယ် သမီးကလေးအတွက် ကမ္ဘာတဝန်းက သူ့ရဲ့ ပရိသတ်တွေနဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေက ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြပါတယ်။

LA Lakers အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ကိုဘီကို ပရိသတ်တစ်ဦးဖြစ်တဲ့ ကမ္ဘာကျော် ဂေါက်သီးရိုက်အားကစားသမာားတိုက်ဂါးဝုဒ်ကလည်း အင်တာဗျူးတစ်ခုမှာ မျက်ရည်လည်ရွှဲ ဝမ်းနည်း ကြောင်း စကားဆိုခဲ့ပါသေးတယ်။

ဒါ့အပြင် ကမ္ဘာကျော် ဘောလုံးသမားတွေဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကလည်းအင်စတာဂရမ်ကတဆင့် ကိုဘီ အတွက် ဝမ်းနည်းကြောင်း ဆိုခဲ့ကြပါတယ်။

“ ကျွန်တော်သိပ်ချစ်ရတဲ့ ကိုဘီနဲ့ မိသားစုအတွက် ပြောစရာ စကားမရှိအောင် စိတ်မကောင်းဖြစ်ရပါတယ်။ကိုဘီနဲ့ အတူ တန်ဖိုးရှိတဲ့ အချိန်တွေကို အတူတူ ကုန်ဆုံးခဲ့သလို တွေ့ဆုံခဲ့ရတာ တကယ်ကို ကြည်နူးစရာ ရှိခဲ့ပါတယ်။ ကိုဘီက အခြားသော ပုဂ္ဂိုလ်ထူးတွေလိုပဲ ပါရမီရှင်ပါပဲ။”လို့ မက်ဆီက သူ့ရဲ့ အင်စတာဂရမ်ကတဆင့် ရေးသား ဖော်ပြခဲ့ပါတယ်။



အလားတူပဲ - “ ကိုဘီနဲ့သမီးလေး သေဆုံးခဲ့ပြီဆိုတဲ့သတင်းက ရင်ကို ကွဲရှစေခဲ့ပါတယ်။ကိုဘီက ဂန္တဝင်တစ်ဦးဖြစ် သလို လူအများစုအတွက်လည်း စိတ်ခွန်အားတက်စေသူတစ်ဦးပါပဲ။ကိုဘီနဲ့ထပ်တူ အက်ဆီးဒင့်တွေမှာ မိသားစု၊ သူငယ်ချင်း၊ချစ်သူတွေကို ဆုံးရှုံးခဲ့ရသူ အားလုံးအတွက် ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။’’လို့ကမ္ဘာကျော် ဘောလုံးသမား ရော်နယ်ဒိုကလည်း ဖော်ပြလာခဲ့တာပါ။

ကိုဘီကတော့ သေဆုံးချိန်မှာ အသက် ၄၁ နှစ်အရွယ်သာရှိသေးပြီး ကစားသမားဘဝမှာ LA Lakers တစ်သင်း တည်းမှာသာ ၁၉၉၆ ကနေ ၂၀၁၆အထိ ကစားခဲ့တဲ့ ဂန္တဝင်ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ကလပ်အသင်းနဲ့အတူ အောင်မြင်မှုများစွာရရှိခဲ့သလို တစ်ဦးချင်းအောင်မြင်မှုတွေလည်း များစွာပိုင်ဆိုင်ခဲ့ပြီး နိုင်ငံအသင်းဖြစ်တဲ့ မိခင် အမေရိကန်အသင်းနဲ့အတူ ၂၀၀၈ ဘေဂျင်းအိုလံစ်၊၂၀၁၂ လန်ဒန်အိုလံပစ်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သူပါ။


Author


က္က