၆ နှစ်အတွင်း စံချိန်သစ်ဖြစ်ပါတယ်။
Pyae Phyo Thein

အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ကနေဒါလက်ရွေးစင်ဟာ တစ်နာရီကို ၂၂မိုင်ကျော်နှုန်းနဲ့ ပြေးလွှားသွားခဲ့ပြီး လျှပ်စစ်လိုမြန်ဆန်တဲ့ ပြေးနှုန်းကို နောက်တစ်ကြိမ်ပြသခဲ့တာဖြစ်ပါတယ်။


ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား အယ်လ်ဖွန်ဆိုဒေးဗီးစ်ဟာ ၀ါဒါဘရီမင်နဲ့ပွဲမှာလည်း ပရိသတ်တွေကို ဖမ်းစားသွားနိုင်ခဲ့ပြန်ပါပြီ။ ဒေးဗီးစ်ဟာ ဘွန်ဒက်လီဂါရဲ့ စံချိန်တစ်ခုကို ထပ်မံပြီးတော့ ကျော်ဖြတ်ခဲ့တာဖြစ်ပြီး သူ့ရဲက လျင်မြန်တဲ့ပြေးနှုန်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်သွားခဲ့တာပါ။

အသက် ၁၉ နှစ်အရွယ်သာ ရှိသေးတဲ့ ကနေဒါလက်ရွေးစင်ဟာ တစ်နာရီကို ၂၂မိုင်ကျော်နှုန်းနဲ့ ပြေးလွှားသွားခဲ့ပြီး လျှပ်စစ်လိုမြန်ဆန်တဲ့ ပြေးနှုန်းကို နောက်တစ်ကြိမ်ပြသခဲ့တာဖြစ်ပါတယ်။ အတိအကျပြောရမယ်ဆိုရင်တော့ ဒေးဗီးစ်ဟာ ၂၂.၇ မိုင်နှုန်းနဲ့ ပြေးလွှားခဲ့ပြီး ဒီမှတ်တမ်းဟာ ၂၀၁၃-၁၄ ဘောလုံးရာသီနောက်ပိုင်းမှာ ဘွန်ဒက်လီဂါရဲ့ စံချိန်သစ်ဖြစ်တယ်လို့ Opta မှတ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ 

သူ့အရင်မှာ မှတ်တမ်းတင်ထားသူအဖြစ်ကတော့ ဒေါ့မွန်ကစားသမားဟာကီမီဖြစ်ပြီး ၂၂.၆၇ မိုင်နှုန်းနဲ့ဖြစ်ပါတယ်။ အဆိုပါစံချိန်ကို ဒေးဗီးစ်က နှာတဖျားအသာနဲ့ အသာစီးရယူနိုင်ခဲ့ပြီးတော့ ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ပွဲတုန်းကလည်း ဒေးဗီးစ်ဟာ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းသွင်းယူပေမယ့် ဂိုးကို အံ့အားသင့်ဖွယ်ရာပြေးနှုန်းနဲ့ လိုက်ပြေးခဲ့ကာ တားဆီးကာကွယ်နိုင်ခဲ့ပါသေးတယ်။ 

ပွဲအပြီးမှာတော့ အသင်းဖော်သောမတ်စ်မူလာက ဒေးဗီးစ်ကို "The Road Runner" လို့ နာမည်ပေးခဲ့ပြီး ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါပွဲမှာတော့ ဒေးဗီးစ်ဟာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး သူ့ရဲ့စီနီယာကစားသမားဘဝမှာ ပထမဆုံးအကြိမ်အဖြစ် အနီကတ်ထိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းအနိုင်ရခဲ့သလို ဆုဖလားဆွတ်ခူးနိုင်ခဲ့လို့ ဒေးဗီးစ်အတွက်တော့ ကျေနပ်စရာပွဲဖြစ်ခဲ့ပါတယ်။ 


Author


က္က