၂၀၁၉ တစ်နှစ်တာကတော့ အောင်မြင်မှု၊ ကျရှုံးမှုတွေနဲ့အတူ ကုန်ဆုံးပြီးဆုံးခဲ့ပါပြီ။
Win Kyaw Min

ပုပ်ရဟန်းမင်းကြီး ဂရီဂိုရီ-၁၃The Gregorian ပြက္ကဒိန်ရဲ့ ၂၀၁၉ ခုနှစ်တစ်နှစ်တာကတော့ ကုန်ဆုံးပြီးစီးခဲ့ပါပြီ။ နှစ်တစ်နှစ်တာကုန်ဆုံးခဲ့ခြင်းနဲ့အတူ အချိန်ရဲ့ကုစားခြင်းများကနေအမှတ် ရစရာတွေ ရှိစမြဲပါ။ အားကစား လောကရဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုတာတွေက အချိန်ကုန်ဆုံးသွားခြင်းနဲ့အတူ အတိတ်မှာချန်ခဲ့ရတော့မယ့် ကာလတစ်ခုကို ရောက်ရှိလာခဲ့ပါပြီ။ ၂၀ ၁၉ ခုနှစ်အတွင်း အားကစားနဲ့ပတ်သက်တဲ့ အောင်မြင်မှု၊ကျရှုံးမှုများ စွာက အတိတ်ဖြစ်ရပ်အဖြစ်သာ ကျန်ရှိတော့မှာဖြစ်ပေမယ့် စိတ်လှုပ်ရှားစရာအခိုက်အတံ့တွေကတော့ ပြောစမှတ်ဆ က်တွင်နေဦးမှာပါ။ Duwun Sports ပရိသတ်ကြီးအတွက်လည်း ၂၀၁၉ တစ်နှစ်တာအတွင်း ပြည်တွင်း၊ ပြည်ပအားကစားနည်းတွေက စိတ်လှုပ်ရှားစရာအကောင်းဆုံး အမှတ်တရအခိုက် အတံ့အချို့ကို စုစည်းတင်ဆက်ပေးလိုက်ပါတယ် . . .။


ဇန်နဝါရီ

အန်ဒီမာရေးလ် (တင်းနစ်)

-   ကမ္ဘာ့အဆင့်-၁ တင်းနစ်ကစားသမားဟောင်းဖြစ်တဲ့ ဗြိတိန်တင်းနစ်ကစားသမား အန်ဒီမာရေးလ်ဟာ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ကြောင့် ဂရင်းဆလင်းပွဲစဉ်တွေကစားဖို့မဖြစ်နိုင်တော့ဘူးလို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။ ဒဏ်ရာနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့မေးခွန်း ကို ဖြေဆိုရင်း မျက်ရည်ကျခဲ့တဲ့အတွက် စိတ်ခံစားမှုပြင်းပြခဲ့တဲ့ အန်ဒီမာရေးလ်ရဲ့အခြေအနေက ၂၀၁ ၉ ရဲ့ အမှတ်ရစရာအဖြစ်အပျက်တစ်ခုအဖြစ်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

အန်မီလာနိုဆာလာ (ဘောလုံး)

-   ပြင်သစ်လီဂူးကလပ်နန့်တက်စ်အသင်းနဲ့အတူ ထွန်းတောက်ခဲ့တဲ့ ဆာလာဟာ ထိပ်တန်းအမှတ်ပေးလိ ဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့အခွင့်အရေးရခဲ့ပါတယ်။ ဒါပေမဲ့ အသင်းသစ်ကာဒစ်ဖ် အသင်းဆီကိုအလာမှာ လေယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ဆာလာရဲ့သတင်းက ဘောလုံးလောက တစ်ခုလုံးအတွက် စိတ်မကောင်းစရာသတင်းတစ်ပုဒ်အဖြစ် နေရာယူခဲ့ပါတယ်။ ပဟေဠိဆန်ဆ န်ဖြစ်ခဲ့ ပေမယ့် နောက်ပိုင်းမှာတော့ တိတိကျကျအတည်ပြုတွေထွက်ပေါ်လာခဲ့ပါတယ်။



ဖေဖော်ဝါရီ

လီဗာပူး

-   ဆယ်စုနှစ် ၂ခုကျော်ကြာတဲ့အထိ အင်္ဂလန်ချန်ပီယံမဖြစ်ခဲ့တဲ့ လီဗာပူးအတွက် တကယ်ကိုဆုံးရှုံးမှုကြီး မားခဲ့တဲ့ အခိုက်အတံ့တစ်ခုဖြစ်ခဲ့ပါတယ်။ ရာသီအစကတည်းက အမှတ်ပေးဇယားကို ဆက်တိုက်ဦး ဆောင်ခဲ့ပေမယ့် ပွဲစဉ် ၂၅မှာ ဝက်စ်ဟမ်းကိုသရေကျခဲ့တဲ့ရလဒ်က အဓိကပြိုင်ဘက်မန်စီးတီးကိုအခွ င့်အရေးဖြစ်စေခဲ့တာက လီဗာပူးပရိသတ်တွေအတွက် ယူကြုံးမရဖြစ်ခဲ့တဲ့အခြေအနေတစ်ခုပါ။ ပရီးမီး ယားလိဂ်အမည်ပြောင်းပြီးတဲ့နောက်ပိုင်း ချန်ပီယံဆုနဲ့ ကပ်လွဲခဲ့တဲ့အတွက် လီဗာပူးရဲ့ဆုံးရှုံးမှုအကြီး မားဆုံးလို့ပဲ သတ်မှတ်ရမှာပါ။

NASCAR ကားမောင်းပြိုင်ပွဲမတော်တဆမှု

-   ဖေဖော်ဝါရီ ၁ရရက်နေ့က ပြုလုပ်ခဲ့တဲ့ NASCAR ကားမောင်းပြိုင်ပွဲရဲ့မတော်တဆမှုကအားကစားလော ကအတွက် တုန်လှုပ်စရာအခြေအနေဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲပြီးဆုံးဖို့ ၁ဝပတ်အလိုမှာ ဖြစ်ပွားခဲ့တဲ့မတော် တဆမှုကြောင့် အသက်ဆုံးရှုံးမှုမရှိခဲ့ပေမယ့် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ကြတဲ့အတွက် စိတ်မကောင်း စရာအခြေအနေဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်ကား ၂၁စီးအထိ အချင်းချင်းတိုက်မိခဲ့ကြတဲ့မတော်တဆဖြစ်ရ ပ်က မှတ်တမ်းတစ်ခုအဖြစ် ရှိနေတော့မှာလည်းဖြစ်ပါတယ်။



မတ်

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း

•   ၂၀၁၈ ဆူဇူကီးပြိုင်ပွဲအပြီး နည်းပြလက်မဲ့ဖြစ်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းကို ယာယီနည်းပြအဖြစ် ဦးမျိုးမင်းထွန်းက တာဝန်ယူကိုင်တွယ်ခွင့်ခဲ့ပါတယ်။လူငယ်ကစားသမားတွေနဲ့မျက်နှာသစ်ကစားသမား အများစုရွေးချယ်မှုအပြင် ၀ါရင့်ကစားသမားအချို့ချန်လှပ်ခဲ့မှုအတွက် ဝေဖန်မှုအချို့ထွက်ပေါ်ခဲ့ပါသေး တယ်။ တရုတ်တိုင်ပေ၊ အင်ဒိုနီးရှားတို့နဲ့ ခြေစမ်းခဲ့ပြီး ၁ပွဲသရေ ၁ပွဲရှုံးရလဒ်ရရှိခဲ့တာကလည်း ပြောစမှ တ်တွင်တဲ့ ဖြစ်စဉ်တစ်ခုအဖြစ်ရှိခဲ့တာတော့အမှန်ပါ။

ချဲလ်ဆီး

•   လူငယ်ကစားသမားခေါ်ယူမှုတွင် ဥပဒေအချို့ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီးတဲ့နောက် ပြစ်ဒဏ်ချမှ တ်ခံခဲ့ရတဲ့ ချဲလ်ဆီးအသင်းရဲ့ သတင်းက မတ်လအတွက်အလှုပ်ခတ်ဆုံးသတင်းဖြစ်ခဲ့ပါတယ်။အပြော င်းအရွှေ့ပိတ်ပင်ခံရခြင်းအပေါ် အယူခံတင်သွင်းမှုကို ဖီဖာက ဧပြီ ၁၁ရက်နေ့မှာ ကြားနာမယ်လို့အတ ည်ပြုထုတ်ပြန်ခဲ့တာလည်း ပရီးမီးယားလိဂ်သတင်းတွေအကြား ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ခဲ့ပါ တယ်။



ဧပြီ

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း

•   ဧပြီလမှာတော့ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရဲ့ စွမ်းဆောင်နိုင်မှုက စိတ်လှုပ်ရှားစရာအကော င်းဆုံးဖြစ်ခဲ့ပါတယ်။ ၂၀၂၀ အိုလံပစ်ဒုတိယအဆင့်ခြေစစ်ပွဲစဉ်မှာ အင်ဒိုနီးရှား၊ နီပေါတို့ကိုအနိုင်ရပြီးအိ န္ဒိယနဲ့သရေကျခဲ့ပေမယ့် တတိယအဆင့်ခြေစစ်ပွဲကို အုပ်စုပထမနေရာနဲ့တက်ရောက်နိုင်ခဲ့တဲ့အခိုက်အ တံ့ကလည်း တစ်နှစ်တာအတွင်း မြန်မာ့အားကစားလောကအတွက်လှုပ်ခတ်မှုတစ်ခုဖြစ်ခဲ့ပါသေးတယ်။

တော့တင်ဟမ်ဟော့စပါး

•   ပရိသတ် ၆၂၃၀၃ ဝင်ဆံ့တဲ့ စပါအသင်းရဲ့ အိမ်ကွင်းသစ်ကို ဧပြီ ၃ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ လုံခြုံ ရေးနဲ့ နည်းပညာပိုင်းလိုအပ်ချက်များကြောင့် သတ်မှတ်ချိန်ထက် နောက်ကျပြီးမှဖွင့်ခဲ့ရတဲ့အတွက် ပရိ သတ်တွေအကြား ဝေဖန်မှုတွေအမြင့်ဆုံးဖြစ်ခဲ့ပါသေးတယ်။ လန်ဒန်မြို့မှာသာမကအင်္ဂလန်ပရီးမီးယား လိဂ်အသင်းတွေထဲမှာ ပရိသတ်ဝင်ဆံ့မှုအများဆုံးဖြစ်ခဲ့တဲ့ကွင်းအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့တဲ့အ ချိန်ကာလတစ်ခုပါ။



မေ

All English Final

•   ပြီးခဲ့တဲ့ ၂၀၁၉ ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်က အင်္ဂလိပ်အသင်းနှစ်သင်းအားပြိုင်တဲ့ ပွဲဖြစ်ခဲ့ပါတယ် ။ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးနဲ့စပါးတို့ရဲ့ အားပြိုင်မှုက ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးဖြစ်ခဲ့ ပါတယ်။ ဗိုလ်လုပွဲစဉ်တိုင်း အရေးနိမ့်လေ့ရှိတဲ့ နည်းပြကလော့ပ်က ချန်ပီယံဆုရရှိခဲ့သလို လီဗာပူးနဲ့အ တူ ပထမဦးဆုံးချန်ပီယံဆုဖလားကို အရယူနိုင်ခဲ့တဲ့ အအောင်မြင်ဆုံးအချိန်ကာလတစ်ခုဖြစ်ခဲ့ပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲ

•   လန်ဒန်အခြေစိုက်အသင်းကြီးနှစ်သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့အာဆင်နယ်တို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ကလ ည်း ပရိ သတ်တွေအကြား ပြောစမှတ်တွင်တဲ့အခြေအနေတွေရှိခဲ့ပါတယ်။ပွဲမတိုင်မီချဲလ်ဆီးနည်းပြဆာ ရီရဲ့ ဒေါသတကြီးကွင်းအတွင်းကထွက်ခွာခဲ့မှု၊ဟီဂူအင်နဲ့လူးဝစ်ဇ်တို့အချင်းများမှုတွေကပွဲအပြီးမှာ အောင်ပွဲခံမှုတွေနဲ့အတူ ပြေလည်ခဲ့ကြတာကလည်း ချဲလ်ဆီးပရိသတ်တွေအပြင် အခြားပရိသတ်တွေ အကြား အမှတ်တရအဖြစ် ကျန်ရှိနေခဲ့တယ်လို့ပဲ သတ်မှတ်ရမှာပါ။



ဇွန်

စပိန်လက်ရွေးစင်ဘောလုံးအသင်း

•   စပိန်လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်အန်းနရစ်အနေနဲ့ ရာထူးကနေ ရုတ်တရက်နုတ်ထွက်သွားခဲ့ပြီ ဖြစ်တယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့ပါတယ်။ မိသားစုအခြေအနေအကြောင်းပြ ချက်အရ ရာထူးကနုတ်ထွက်ခဲ့တယ်လို့ သတင်းဖော်ပြမှုတွေရှိခဲ့ပြီး နောက်ပိုင်းမှာ သမီးဖြစ်သူရဲ့ကျန်း မာရေးအခြေအနေကြောင့်လို့ ကာယကံရှင်ကိုယ်တိုက်က အတည်ပြုခဲ့ပါတယ်။

၂၀၁၉ ကိုပါအမေရိက

•   ပြိုင်ပွဲအပြီးမှာ ဘရာဇီးအသင်းချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၉ ကိုပါအမေရိကပွဲစဉ်ကလည်း ပရိသတ်တွေအ ကြား စိတ်လှုပ်ရှားစရာအခို်က်အတံ့ဖြစ်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်အဖြစ် ဘရာဇီးနဲ့ပါရာဂွေးတို့ ရဲ့ထိပ်တိုက်တွေ့ဆုံတဲ့ ပွဲက စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်အဖြစ် သတ်မှတ်ရမှာပါ။ ပါရာဂွေးအသ င်းအနိုင်ရရင်အဝတ်ဗလာနဲ့အောင်ပွဲခံပြမယ်ဆိုတဲ့မှတ်ချက်ကပွဲအပြီးဘရာဇီးကအနိုင်ရခဲ့တဲ့အချိန်မှာ တော့ အရာရာပြီးဆုံးသွားခဲ့ပါတယ်။



ဇူလိုင်

တွမ်ဒါလေ (ဒိုင်ဗင်ကစားသမား)

•   ဗြိတိန်ဒိုင်ဗင်ကစားသမား တွမ်ဒါလေဟာ လိင်တူချစ်သူတစ်ဦးဖြစ်တယ်လို့ ပရိသတ်တွေကို အတိိအလ င်းအတည်ပြုခဲ့ပါတယ်။ အိုလံပစ်ရွှေတံဆိပ်ဆုရယူပေးခဲ့တဲ့ တွမ်ဒါလေအနေနဲ့ ကစားသမားဘဝမှာရှိနေ တဲ့ လိင်တူချစ်သူတွေအားလုံးကို လူ့အခွင့်အရေးအရ ပွင့်ပွင့်လင်းလင်းဝန်ခံကြဖို့လိုအပ်တယ်လို့လည်း တိုက်တွန်းပြောဆိုမှုကအားကစားလောကရဲ့ လူသားဆန်တဲ့သတင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်လို့ပဲဆိုရမှာ ပါ။

စီရော်နယ်ဒို

•   လူမှုကွန်ယက်စာမျက်နှာတွေရဲ့ အထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ် စီရော်နယ်ဒိုက သတ်မှတ်ခံခဲ့ရပါတယ်။ Ho pper.com ရဲ့ဖော်ပြချက်အရ စီရော်နယ်ဒိုက ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပြီး ဘတ်စကတ်ဘောကစားသမား လီဘရွန်ဂျိမ်းစ်၊ မက်ဆီ၊ အမေရိကန်လက်ဝှေ့ကျော်မေဝဲလ်သာတို့လို အင်စတာဂမ်Follower ၁၇၆သန်း အထိရရှိခဲ့တာလည်းဖြစ်ပါတယ်။



သြဂုတ်

၂၀၁၉ အာဆီယံအမျိုးသမီးချန်ပီယံရှစ်

•   အာဆီယံအမျိုးသမီးချန်ပီယံအုပ်စု(ခ)မှာ ပါဝင်ခဲ့တဲ့ မြန်မာအမျိုးသမီးအသင်းအနေနဲ့ အုပ်စုတွင်းပွဲစဉ် တွေမှာ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားတို့ကို အနိုင်ရခဲ့ပေမယ့် ဗီယက်နမ်ကိုအရေးနိမ့်ခဲ့လို့ အုပ်စုဒုတိယ နေရာနဲ့နောက်တစ်ဆင့်တက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ထိုင်းကို ၃-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ပြီး တတိယနေ ရာလုပွဲမှာတော့ ဖိလစ်ပိုင်ကို ၃-၀ နဲ့အနိုင်ရပြီး တတိယနေရာကို ရရှိခဲ့ပါတယ်။

ဂျိုရှုဝါ

•   အမေရိကန်လက်ဝှေ့ကျော်အန်ဒီရုဇ်ကို မထင်မှတ်ဘဲအလဲထိုးနဲ့အရေးနိမ့်ခဲ့တဲ့ ဗြိတိန်လက်ဝှေ့ကျော်ဂျို ရှုဝါတစ်ယောက် မကျေပွဲထပ်မံရင်ဆိုင်ဖို့စိန်ခေါ်ခဲ့ပါတယ်။ ဆုံးရှုံးခဲ့တဲ့ WBA(Super)၊IBF၊ WBO၊ IBO ဟဲဗီးဝိတ်ချန်ပီယံဆုတွေအတွက် ဒီဇင်ဘာလ ရရက်နေ့မှာ မကျေပွဲထပ်ကစားဖို့ နှစ်ဖက်ကစားသမား နှစ်ဦးအကြား အကြိုသဘောတူညီမှုရယူနိုင်ခဲ့တဲ့အခြေအနေကလည်း လက်ဝှေ့ဝါသနာရှင်တွေအတွ က် စိတ်လှုပ်ရှားစရာအကောင်းဆုံးသတင်းအဖြစ် နေရာယူခဲ့ပါတယ်။



စက်တင်ဘာ

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ရဲ့ အဖွင့်ပွဲစဉ်အဖြစ် မွန်ဂိုလီးယားအသင်းကို ရင်ဆိုင်ခဲ့တဲ့ မြန်မာအသင်းရဲ့ အရှုံးရလဒ် ကတော်တော်လေးကိုအထိနာခဲ့ပါတယ်။ ဒါပေမဲ့အုပ်စုဒုတိယပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဂျပန်ကိုရင်ဆိုင်ရတဲ့အခါ ပရိသတ်ရဲ့စိတ်ဝင်စားမှုကို အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ ဥရောပအခြေစိုက်ကစားသမားတွေဖြစ်တဲ့ ယိုရှီဒါ၊ နာဂါတို မို၊ မီနာမီနို၊ ကူဘိုတို့ကြောင့် မြန်မာဘောလုံးပရိသတ်အားလုံးအတွက် စိတ်လှုပ်ရှားစရာအခိုက်အတံ့တစ်ခုထ က်ကို ပိုခဲ့တယ်လို့ပဲ ဆိုရမှာပါ။

အီရန်

•   ဘာသာရေးအရ တင်းကြပ်မှုများစွာပြုလုပ်ထားတဲ့ အီရန်နိုင်ငံအနေနဲ့ ဘောလုံးအားကစားနည်းမှာဖြေ လျှော့မှုအချို့ပြုုလုပ်ခဲ့ပါတယ်။ အီရန်အမျိုးသမီးတွေကို အားကစားပွဲတွေကို မကြည့်ရှုဖို့ တင်းကြပ် ထားတဲ့ ဥပဒေကို ဖြေလျော့ခဲ့တဲ့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာအပြင် နိုင်ငံတကာကပါ လူအခွင့် အရေးအရ ကြိုဆိုမှုများပြုလုပ်ခဲ့ပြီး အီရန်နိုင်ငံအစိုးရကတော့ ချီးကျူးပြောဆိုမှုများပြုလုပ်ခဲ့တာက စ က်တင်ဘာလအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံးသတင်းတစ်ပုဒ်အဖြစ် နေရာယူခဲ့တယ်လိို့ဆိုရ မှာပါ။



အောက်တိုဘာ

ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာရှဇုန်)

•   ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ရဲ့ အုပ်စုအဖွင့်ပွဲစဉ် ၃ပွဲမှာ နိုင်ပွဲလုံးဝမရှိခဲ့တဲ့အပြင် အရှက်ရဖွယ်အရှုံးရလဒ်ေ တွကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေနဲ့ နည်းပြရာဂျူလိုဗစ်ကို လမ်းခွဲခဲ့ပါတယ်။ နည်းပြသစ်ပြ န်လည်ခန့်အပ်မှုဖြစ် အရင်နည်းပြဟောင်းအန်တိုနီဟေးလ်ကိုပဲ ပြန်ခန့်ခဲ့တဲ့အခြေအနေက မြန်မာဘော လုံးပရိသတ်တွေအကြား ဂယက်အထဆုံးဖြစ်ရပ်တစ်ခုထက်ပိုခဲ့ပါတယ်။

အန်တိုနီဟေးလ် (မြန်မာနည်းပြချုပ်)

•   မြန်မာ့လက်ရွေးစင်အသင်းကို တစ်ကျော့ပြန်တာဝန်ယူကိုင်တွယ်ခွင့်ရခဲ့တဲ့ အန်တိုနီဟေးလ်အနေနဲ့ အ သင်းအတွက် အံအားသင့်ဖွယ်ရလဒ်တွေပြန်လည်ရယူပေးနိုင်ခဲ့ပါတယ်။ တာဂျစ်စတန်၊ မွန်ဂိုလီးယား အသင်းတွေကို နိုင်ပွဲပြန်ရခဲ့တဲ့ မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ နောက်တစ်ဆင့်အတွက် မျှော်လင့် ချက်အနည်းငယ်ပြန်လည်ရှင်သန်ခဲ့ပါတယ်။

ရှာခါ (အာဆင်နယ်)

•   အာဆင်နယ်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ရှာခါနဲ့ ပရိသတ်တွေအကြားဖြစ် ပွားခဲ့တဲ့ ပြဿနာကလည်း စိတ်ဝင်စားဖို့ကောင်းခဲ့ပါတယ်။ ပုံမှန်ခြေစွမ်းအောက်ရောက်ရှိနေတဲ့အပေါ် ဝေဖန်ခဲ့တဲ့ ပရိသတ်တွေရဲ့ လုပ်ရပ်ကို ဒေါသတကြီးပြန်လည်တုံ့ပြန်ခဲ့တဲ့ ရှာခါရဲ့အပြုအမူက အဆုံးသ တ်မှာတော့ အသင်းကနေထွက်ခွာရဖို့အခြေအနေအထိ ရောက်ရှိသွားခဲ့ပါတယ်။



နိုဝင်ဘာ

ဖိလစ်ပိုင်ဆီးဂိမ်းစ်

•   ဒီဇင်ဘာ ၁ရက်နေ့ အဓိကပြိုင်ပွဲတွေစတင်ခဲ့တဲ့ ဖိလစ်ပိုင်ဆီးဂိမ်းစ်ပြိုင်ပွဲကလည်း အဆင်မပြေမှုများစွာ နဲ့အတူ သတင်းစာမျက်နှာတွေမှာ နေရာယူခဲ့ပါတယ်။ ကြိုဆိုရေးအဆင်မပြေမှုများ၊ အားကစားအဖွဲ့နေ ရာချမှုများ၊ ကွင်းရုံများအချိန်မီမပြီးစီးမှုများနဲ့အတူ လိုအပ်ချက်ပေါင်းများစွာအကြား အာဆီယံအားက စားအဖွဲ့တွေအားလုံး စိန်ခေါ်မှုအပြည့်နဲ့ရင်ဆိုင်ခဲ့ရတယ်။

တော့တင်ဟမ်ဟော့စပါး

•   ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်အထိရောက်အောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့် လက်ရှိရာသီ မှာတော့ ရလဒ်ဆိုးတွေရင်ဆိုင်ခဲ့ရတဲ့အတွက် စပါးအသင်းအနေနဲ့ နည်းပြပိုချက်တီနိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ နည်းပြအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်ဝါရင့်နည်းပြမော်ရင် ဟိုကို ခန့်အပ်တာဝန်ပေးခဲ့တဲ့သတင်းက ဘောလုံးပရိသတ်တွေအကြား တကယ်ကို ပြောစမှတ်တွင်တဲ့ စိတ်လှုပ်ရှားစရာသတင်းတစ်ပုဒ်ဖြစ်လာခဲ့တယ်လို့ပဲ သတ်မှတ်ရမှာပါ။



ဒီဇင်ဘာ

မြန်မာအားကစားအဖွဲ့

•   အကြိမ် ၃ဝမြောက်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့အနေနဲ့ အောင်မြင်မှုရဖို့ ရုန်းကန်ခဲ့ရသလို ရွှေ ၄ခုသာရရှိခဲ့လို့ နိုင်ငံအလိုက်အဆင့်ရပ်တည်မှုမှာ အဆင့်-ရမှာပဲ ဆက်ပြီးရပ်တည်နိုင်ခဲ့ပါတယ်။ မြန်မာအားကစားအဖွဲ့အတွက် ရွှေဆုတွေကို အားနစ်က ၁ခု၊ ဘိလိယက်နဲ့စနူကာအဖွဲ့က ၂ခု၊ ေ လှာ် လှော်အဖွဲ့ချုပ်က ၁ခုတို့ ရယူပေးခဲ့တာလည်းဖြစ်ပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဆုအတွက် မကျေပွဲ

•   ရှုံးပွဲမရှိရလဒ်နဲ့ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံအဖြစ်ရပ်တည်နေခဲ့တဲ့ ဂျိုရှုဝါကို အလဲထိုးရလဒ်နဲ့အနိုင်ကစားခဲ့ တဲ့ အန်ဒီရုဇ်ရဲ့ စွမ်းဆောင်မှုကလည်း တကယ်ကိုအံမခန်းပါ။ ဒါပေမဲ့ ဒီဇင်ဘာ ရရက်နေ့မှာယှဉ်ပြိုင်ခဲ့ တဲ့မကျေပွဲမှာတော့ ဗြိတိန်လက်ဝှေ့ကျော်ဂျိုရှုဝါက အမှတ်နဲ့အနိုင်ရထားသွားခဲ့လို့ အန်ဒီရုဇ်အတွက်က တော့ WBA(Super)၊IBF၊ WBO၊ IBO ဟဲဗီးဝိတ်ချန်ပီယံခါးပတ်အားလုံးကို ပြန်ပြီးလက်လွှတ်ခဲ့ရပါ တယ်။

လီဗာပူး

•   ဒီဇင်ဘာလရဲ့ပရီးမီးယားလိဂ်ပွဲကြပ်ကာလပြီးဆုံးတဲ့အချိန်လီဗာပူးအသင်းရဲ့ခြေစွမ်းကအကျဘက် ရောက်မသွားခဲ့ပါဘူး။ ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံဆုကိုလည်း အသင်းသမိုင်းတစ်လျှောက်ပထမဦးဆုံးရ ယူနိုင်ခဲ့သလို အိမ်ကွင်းပွဲ ၅ဝဆက်တိုက် ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းတစ်ခုကိုလည်းရရှိခဲ့ပါတယ်။


က္က