ညှိနှိုင်းမှုတွေဆက်လက်ပြုလုပ်နေဆဲပါ။
Win Kyaw Min

၂၀၂၀-၂၁ ဘောလုံးရာသီသစ်မတိုင်မီ ကစားသမားအချို့အနားယူခွင့်ရဖို့အတွက် လက်ကျန်ပွဲစဉ်တွေကိုအမြန် ဆုံးပြီးစီးစေဖို့အတွက် စီစဉ်နေတာလည်းဖြစ်ပါတယ်။

စပိန်လာလီဂါတာဝန်ရှိသူတွေအနေနဲ့ မကြာမီပြန်လည်ကျင်းပတော့မယ့် လက်ကျန်ပွဲစဉ်တွေအတွက် ညှိနှိုင်းေ ဆွးနွေးမှုအချို့ပြုလုပ်နေဆဲဖြစ်ပြီး တစ်ပတ်အတွင်း ပွဲစဉ် ၂ပွဲကစားမယ့် အစီအစဉ်လည်း ပါဝင်နေကြောင်း as .com ရဲ့ဖော်ပြချက်အရ သိရပါတယ်။



၂၀၁၉-၂ဝဘောလုံးရာသီရဲ့ လက်ကျန်ပွဲစဉ်တွေကို လာမယ့်ဇွန်လအတွင်း ကျင်းပဖို့လျာထားတာဖြစ်ပြီး သြဂု တ်လမတိုင်မီ အပြီးကျင်းပဖို့ရှိနေတာကြောင့် တာဝန်ရှိသူတွေနေနဲ့ ၇၂နာရီပြီးတိုင်း ပွဲစဉ်တစ်ပွဲကျင်းပဖို့ဖြစ်လာ နိုင်ခြေရှိနေခဲ့တာပါ။



“ ပွဲတွေအတွက် ညှိနှိုင်းနေဆဲပါ။ ကျင်းပနိုင်ဖို့အတွက် ဖိအားမရှိပေမယ့် စိန်ခေါ်မှုအချို့တော့ ရှိပါတယ်။ အထူး သဖြင့် ၇၂နာရီပြီးတိုင်း လာလီဂါပွဲစဉ်တစ်ပွဲရှိလာမှာပါ။ မကြာမီအတည်ပြုနိုင်မယ်လို့လည်း ယုံကြည်ပါတယ်” လို့ လာလီဂါဥက္ကဋ္ဌဂျာဗီယာတာဘက်စ်က ထုတ်ဖော်ပြောဆိုလိုက်တာပါ။

လက်ရှိမှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ လာလီဂါတို့အကြား ညှိနှိုင်းမှုတွေပြုလုပ်နေတာဖြစ်ပြီး နောက်ပိုင်းတွ င် ဒိုင်ကော်မတီ၊ အခြားအခြားသောအဖွဲ့အစည်းတွေနဲ့ဆက်လက်ဆွေးနွေးမှုများပြုလုပ်ဖို့ရှိနေတယ်လို့လည်း marca.com က ဖော်ပြထားပြန်ပါတယ်။

စပိန်လာလီဂါအနေနဲ့ ပွဲစဉ် ၂ရအထိကျင်းပပြီးစီးခဲ့ပြီဖြစ်လို့ လက်ကျန်ပွဲစဉ် ၁၁ပွဲ ကျင်းပပေးဖို့ရှိနေရာမှာ တစ်ပ တ် ၂ပွဲကျင်းပနိုင်ခဲ့ပါက ရက်သတ္တပတ် ၆ပတ်အတွင်း ပွဲစဉ်အားလုံးပြီးစီးမှာဖြစ်တဲ့အတွက် ရာသီသစ်အတွက်ပြ င်ဆင်အချို့ရရှိမှာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author

  • Win Kyaw Min

က္က