ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေတို့မှာ ဂိုးပေါင်း ၅ဝနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ရော်နယ်ဒိုက ထပ်မံရရှိခဲ့ပါတယ်။
လာဇီယိုကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂျူဗင်တပ်စ်အတွက် အနိုင်ဂိုး ၂ဂိုးစလုံးကို သွင်းယူပေးခဲ့ပြီးနောက် ရော်နယ်ဒိုဟာ စီးရီးအေမှာ ဂိုး ၅၀ ကို အမြန်ဆုံးသွင်းယူနိုင်တဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ စုစုပေါင်း ၆၁ ပွဲသာကစားပေးပြီးချိန်မှာ ဂိုး ၅ဝအထိ ရရှိခဲ့တာဖြစ်ပြီး စီးရီးအေရဲ့နာမည်ကျော်တိုက်စစ်မှူးဟောင်းတွေရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
အသင်းအတွက် ပယ်နယ်တီကတဆင့် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီးနောက် ရော်နယ်ဒိုဟာ ဂိုး၅၀ ပြည့်မြောက်ခဲ့ပြီး ၃မိနစ်အကြာမှာပဲ နောက်ထပ်တစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေတို့မှာ ဂိုးပေါင်း ၅ဝနဲ့အထက် သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကိုပါ ရော်နယ်ဒိုက ထပ်မံရရှိခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့ ဒီရာသီစီးရီးအေသွငး်ဂိုးကလည်း ၃၀ ဂိုးအထိ ရှိသွားခဲ့ပြိဖြစ်ပါတယ်။ ပွဲ ၃၀ ကစားခဲ့ရာမှာ ဂိုး၃ဝအထိ ရရှိခဲ့လို့ တစ်ပွဲကိုတစ်ဂိုးနှုန်းရရှိထားခဲ့တာဖြစ်ပြီး စီးရီးအေရွှေဖိနပ်ဆုအတွက်ပါ ရော်နယ်ဒိုက မျှော်လင့်ချက်အားကောင်းလာခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ လာဇီယိုတိုက်စစ်မှူးအီမိုဘီလီနဲ့ သွင်းဂိုးရော၊ ဖန်တိးမှုပါ တူညီနေပြီး အကြိတ်အနယ်ဖြစ်နေကာ ရွှေဖိနပ်ဆုရယူနိုင်ခဲ့ပါက ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေတို့မှာ ရွှေဖိနပ်ဆုရတဲ့ ပထမဆုံးကစားသမားဆိုတဲ့ စံချိန်ကိုတင်နိုင်ဦးမှာဖြစ််ပါတယ်။