ပရိသတ်တွေကို ကျေးဇူးတင်စကားပြောဆိုရင်း ဖော်ပြခဲ့တာပါ။

ပေါ်တူဂီအသင်းနဲ့လည်း နေးရှင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာ ရော်နယ်ဒိုက သူ့ရဲ့ တစ်နှစ်တာအောင်မြင်မှုတွေကို ဖော်ပြခဲ့ပြီး ကျေးဇူးတင်စကားဆိုသွားခဲ့တာ ဖြစ်ပါတယ်။


ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့ရဲ့ ပထမဆုံး အီတလီစီးရီးအေကစားသမားဘ၀ အောင်မြင်မှုတွေကို သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားဖော်ပြခဲ့ပြီး သူ့ကို အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုသွားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်း (၈)ကြိမ်ဆက် စီးရီးအေဆုဖလားကို ဆွတ်ခူးခဲ့ရာမှာ ရော်နယ်ဒိုက ပထမဆုံးအကြိမ်စီးရီးအေဖလားကို ရရှိမှုနဲ့အတူ မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။



ဂျူဗင်တပ်စ်အတွက် (၂၁)ဂိုးအထိ ရော်နယ်ဒိုက သွင်းယူပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ စီးရီးအေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းနဲ့လည်း နေးရှင်းလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာ ရော်နယ်ဒိုက သူ့ရဲ့ တစ်နှစ်တာအောင်မြင်မှုတွေကို ဖော်ပြခဲ့ပြီး ကျေးဇူးတင်စကားဆိုသွားခဲ့တာ ဖြစ်ပါတယ်။

"မမေ့နိုင်လောက်စရာ ရာသီတစ်ခုဖြစ်ခဲ့ပါတယ်၊ အတွေ့အကြုံသစ်တွေ၊ ဧရာမကလပ်အသင်းကြီး၊ စိတ်လှုပ်ရှားစရာမြို့၊ စံချိန်မှတ်တမ်းတွေနဲ့ ဆုဖလား (၃)လုံးကို တွေ့ကြုံရရှိခဲ့ပါတယ်၊ အီတလီကို ကျွန်တော်ရောက်လာချိန်မှာ အံ့အားသင့်ဖွယ်ရာ ကြိုဆိုခဲ့တဲ့ ဂျူဗင်တပ်စ်ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ရဲ့ အောင်မြင်မှုတွေမှာ ပရိသတ်တွေက အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပါ"

"ကမ္ဘာတဝှမ်းက ကျွန်တော့် ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ပေါ်တူဂီအတွက် သမိုင်းဝင်အောင်ပွဲရရှိမှုမှာ ကူညီပေးခဲ့တဲ့ ပေါ်တူဂီပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်နှလုံးသားထဲမှာ ခင်ဗျားတို့ အမြဲတမ်းရှိနေမှာပါ၊ ပုဂ္ဂိုလ်ရေးအနေနဲ့ဆိုရင် ကျွန်တော်ဘယ်တော့မှ မမေ့နိုင်မယ့် ကြီးကျယ်တဲ့အခိုက်အတန့်တွေပါ၊ စံချိန်သစ်တွေအများကြီး ရှိခဲ့ပါတယ်" လို့ ရော်နယ်ဒိုက သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားခဲ့ကာ အောင်မြင်မှုတွေကို ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ တစ်နှစ်အတွင်းမှာပဲ အီတလီစူပါဖလားအနိုင်ဂိုး၊ စီးရီးအေဖလား၊ အကောင်းဆုံးကစားသမားနဲ့ သွင်းဂိုး (၂၁)ဂိုး၊ နေးရှင်းလိဂ်ဖလား နဲ့ ဟက်ထရစ်၊ ချန်ပီယံလိဂ်ပွဲ (၁၀၀)ပြည့်နိုင်ပွဲ နဲ့ ၁၂၅ဂိုးသွင်းနိုင်ခဲ့မှု၊ UEFA ဖလား (၁၀)လုံးအထိ ရရှိတဲ့ ပထမဆုံးကစားသမား၊ ကမ္ဘာ့ဖလား၊ ဥရောပဖလား၊ ကွန်ဖက်ဒရေးရှင်းဖလား နဲ့ နေးရှင်းလိဂ်တွေမှာ ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား၊ လက်ရွေးစင်အသင်းအတွက် ၂၀၀၄ ကနေ ၂၀၁၉ အတွင်း ပြိုင်ပွဲကြီး (၁၀)ခုဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမား အစရှိတဲ့အောင်မြင်မှုတွေကို ရရှိခဲ့တယ်လို့ ရေးသားသွားခဲ့ကာ နောက်ထပ်ဆုဖလားတွေအတွက် တိုက်ပွဲဝင်သွားမယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က