လူစုလူဝေးနဲ့ မနေ့ရတဲ့ စည်းကမ်းကို ချိုးဖောက်ခဲ့လို့ပါ။
Pyae Phyo Thein

လက်ရှိမှာ ရော်နယ်ဒိုက ပေါ်တူဂီကိုရောက်ရှိနေပြီး နေအိမ်မှာပဲ နေထိုင်ဖို့နဲ့ လူစုလူဝေးနဲ့မနေထိုင်ဖို့အတွက် စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပေမယ့် မွေးနေ့ပွဲကြောင့် ပြစ်တင်ခံနေရတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ 


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် ကန့်သတ်ပိတ်ပင်မှုတွေရှိနေခဲ့ပေမယ့် ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုဟာ တူမဖြစ်သူရဲ့ မွေးနေ့ပွဲကို ဆင်နွှဲခဲ့လို့ ဝေဖန်ခံနေရကြောင်း သိရပါတယ်။ တူမဖြစ်သူ အယ်လီစီယာရဲ့ မွေးနေ့ပွဲကို အခြားသောမိသားစုဝင်တွေလည်း တက်ရောက်ခဲ့ကြလို့ အခုလိုဝေဖန်ခံနေခဲ့ရတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်တိုက်စစ်မှူးဟာ ကိုယ်တိုင်လည်းရောဂါခြေချုပ်နဲ့ နေထိုင်ခဲ့ရပြီးမှ မိသားစုနဲ့ ပြန်လည်နေထိုင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုက ပေါ်တူဂီကိုရောက်ရှိနေပြီး နေအိမ်မှာပဲ နေထိုင်ဖို့နဲ့ လူစုလူဝေးနဲ့မနေထိုင်ဖို့အတွက် စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပေမယ့် မွေးနေ့ပွဲကြောင့် ပြစ်တင်ခံနေရတယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ 

စုစုပေါင်း ၁၈ ဦးအထိ မွေးနေ့ပွဲမှာရှိခဲ့တယ်လို့ သိရပြီး ရော်နယ်ဒိုရဲ့ မိခင်လည်း ပါဝင်ခဲ့ပါတယ်။ အဆိုပါမွေးနေ့ပါတီပွဲကို လူမှုကွန်ရက်ပေါ်မှာ ဖော်ပြခဲ့ပြီးနောက် ဝေဖန်ခံနေရတာဖြစ်ပြီး အခြားသောမိသားစုဝင်တွေအနေနဲ့ ရောဂါခြေချုပ်မိနေချိန်မှာ မွေးနေ့ပွဲကျင်းပနိုင်သေးတယ်လို့ ပရိသတ်တစ်ဦးက ခနဲ့တဲ့တဲ့ ရေးသားပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ စီးရီးအေပွဲတွေကို ရွှေ့ဆိုင်းလိုက်ကတည်းက ပေါ်တူဂီကို ပြန်သွားခဲ့တာဖြစ်ပြီး ၁၄ ရက်ကြာ တစ်ဦးတည်းသီးသန့်နေထိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ မိသားစုနဲ့ ပြန်လည်ပူးပေါင်းခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကာလကို ကျော်ဖြတ်နေရတာဖြစ်ပါတယ်။ ကစားသမားအနေနဲ့ တူရင်ကို ဘယ်အချိန်မှာ ပြန်သွားရမလဲဆိုတာကိုလည်း မသိရသေးဘူးလို့ Marca က ဖော်ပြခဲ့ပါတယ်။ 


က္က