အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်ဟောင်းဟာ တရုတ်ကလပ်အတွက် ၇၉ ပွဲကစားပေးအပြိးမှာ ၂၄ ဂိုးသွင်းယူပေးထားပြီး ၃နှစ်ကြာကစားပေးခဲ့ပြီးနောက် ကိုယ်စားပြုနိုင်ငံကို ပြောင်းလဲဖို့အတွက် အခွင့်အရေးကို ရယူချင်နေတာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ ဘရာဇိးလ်ကွင်းလယ်လူအော်စကာဟာ တရုတ်လက်ရွေးစင်အသင်းအတွက် ပြောင်းလဲကစားပေးချင်နေတယ်လို့ သိရပါတယ်။ အော်စကာကတော့ တရုတ်ကလပ်ရှန်ဟိုင်း SIPG အသင်းမှာ ကစားပေးနေတာဖြစ်ပြီး ချယ်လ်ဆိးကနေ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းရဲ့အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေတာဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်ဟောင်းဟာ တရုတ်ကလပ်အတွက် ၇၉ ပွဲကစားပေးအပြိးမှာ ၂၄ ဂိုးသွင်းယူပေးထားပြီး ၃နှစ်ကြာကစားပေးခဲ့ပြီးနောက် ကိုယ်စားပြုနိုင်ငံကို ပြောင်းလဲဖို့အတွက် အခွင့်အရေးကို ရယူချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ရည်မှန်းချက်အတွက် ပြသနာရှိနေတာကတော့ ပြိုင်ပွဲကြီးတွေမှာ လက်ရွေးစင်အသင်းကြီးအတွက် ကစားပေးခဲ့ပြီးပါက နောက်နိုင်ငံတစ်ခုအတွက် ကစားပေးခွင့်မရှိဘူးဆိိုတဲ့ ဖီဖာရဲ့ ဥပဒေပဲဖြစ်ပါတယ်။
"ကစားသမားတွေက အခုဆိုရင် တရုတ်ကိုသွားရောက်နေပြီးတော့ နိုင်ငံသားအဖြစ်ပြောင်းလဲဖို့ ကြိုးစားနေကြပါတယ်၊ သူတို့က ပိုပြီးတော့ကောင်းမွန်အောင် လုပ်နိုင်ကြပါတယ်" လို့ အော်စကာ ပြောဆိုခဲ့ပါတယ်။