ကမ္ဘာ့အဆင့် ၄၆ မှာရပ်တည်နေတာပါ။

Football World Rankings က ထုတ်ပြန်တဲ့စစ်တမ်းကတော့မနှစ်က အသင်းတွေရဲ့ နိုင်ပွဲတွေကို အခြေခံ တွက်ချက်ထားတာလို့ သိရပါတယ်။

The Sun သတင်းဌာနရဲ့ ကလပ်အသင်းတွေရဲ့ ကမ္ဘာ့အဆင့် ရပ်တည်မှုဖော်ပြချက်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက အဆင့် ၄၆ အထိ နိမ့်ကျစွာ ရပ်တည် နေပြီး ဆော်ဒီ နဲ့တရုတ်ကလပ်အသင်းတွေ ထက်တောင် အဆင့်နိမ့်ကျနေတာ တွေ့ရပါတယ်။



ယူနိုက်တက်အနေနဲ့ ဒီရာသီ ရလဒ်တွေ ဆိုးရွာနေပြီး အသင်းသမိုင်း တစ်လျှောက် နှစ်ပေါင်း ၃၀ အတွင်းအဆိုးရွားဆုံး ရာသီအစနဲ့ ရင်ဆိုင်နေရပါတယ်။

ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ အထိ ဆင်းသက်ရပ်တည်နေပြီး အခုအခါ ကမ္ဘာ့အဆင့် ရပ်တည်ချက်မှာလည်း ဆော်ဒီက AL Hilal တရုတ်က ဂွမ်ဇူးအဲဗားဂရိတ်အသင်းတွေထက်တောင် အဆင့်နိမ့် ကျနေခဲ့တာတွေ့ရပါတယ်။



အခြားသော လိဂ်တွေဖြစ်တဲ့ မက္ကဆီကို၊ဘရာဇီး၊အာဂျင်တီးနား၊တောင်ကိုရီးယား၊ဂျပန်၊ရုရှား၊ကိုလံဘီယာ၊ပေါ် တူဂီနဲ့အီဂျစ် အစရှိတဲ့ နိုင်ငံတွေက ကလပ်အသင်းအချို့တောင် ယူနိုက်တက်ထက် အဆင့်မြင့်စွာ ရပ်တည်နေကြတာကိုတွေ့ရပါတယ်။

အခုလို အဆင့်ရပ်တည်မှုကိုတော့ Football World Rankingsက စစ်တမ်းကောက်ယူဖော်ပြလာတာဖြစ်ပြီး အဆင့်ရပ်တည်မှု သတ်မှတ်ချက်အတွက် မနှစ်က အသင်းတွေရဲ့ ရလဒ်တွေကို အခြေခံ တွက်ချက်ထားတာ လို့သိရပါတယ်။

ကမ္ဘာ့အဆင့် ၁ ကလပ်အသင်းကတော့ ဘာစီလိုနာအသင်းဖြစ်ပြီး အာဂျင်တီးနားကလပ် ရေးဗားပလိတ်က မန်စီးတီး၊ရီးရဲတို့ကိုကျော်ပြီး အဆင့် ၃ မှာရပ်တည်ထားနိုင်တာတွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က