နည်းပြသစ်ခန့်အပ်ဖို့အတွက် စောင့်ကြည့်မှုအချို့ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ပြင်သစ်လီဂူးချန်ပီယံအသင်းအနေနဲ့ ရာသီကုန်မှာ အပြောင်းအလဲအချို့ပြုလုပ်ဖို့ရှိနေပြီး ထိပ်တန်းကစားသမား အချို့ကိုလည်း ထွက်ခွာခွင့်ပေးဖို့ရှိနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိ နေခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေအနေနဲ့ ရာသီသစ်မှာနည်းပြသစ်တစ်ဦးအစားထိုးခန့်အပ်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်မှုများရှိလာခဲ့ပြီးတဲ့နောက် ဂျူဗင်တပ်အသင်းနည်းပြဟောင်းအယ်လီဂရီကို ဆက်သွယ်ကမ်း လှမ်းမှုများရှိနေကြောင်း ပြင်သစ်မီဒီယာ Foot Mercato ရဲ့ဖော်ပြချက်ကို dailymailက ကိုးကားဖော်ပြလာပါတ ယ်။



လက်ရှိမှာ ပြင်သစ်လီဂူးအမှတ်ပေးဇယားကို ဦးဆောင်နေနိုင်တဲ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ကွာတားဖို င်နယ်အဆင့်အထိတက်ရောက်ထားနိုင်ခဲ့ပေမယ့် နည်းပြတူချယ်လ်နဲ့ စီနီယာကစားသမားအချို့အကြားအဆင် မပြေမှုများရှိလာခဲ့တဲ့အတွက် အခုလိုနည်းပြအပြောင်းအလဲပြုလုပ်ဖို့ စီစဉ်နေခြင်းဖြစ်တယ်လို့လည်း သိရပါတ ယ်။



သတင်းဖော်ပြမှုတွေအရ ဂျူဗင်တပ်အသင်းကထွက်ခွာခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြအယ် လီဂရီကို သီးသန့်တွေ့ဆုံခဲ့တာဖြစ်ပြီး အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းအချို့ပြုလုပ်ခဲ့တယ် လို့ ပြင်သစ်မီဒီယာအများစုက အခိုင်အမာဖော်ပြနေကြတာလည်းဖြစ်ပါတယ်။

“ ရာသီကုန်မှာတော့ ဘောလုံးလောကကိုပြန်လည်ခြေချဖို့ ရှိပါတယ်။ လီယိုနာဒိုနဲ့သီးသန့်ဆွေးနွေးခဲ့တယ်ဆို ပေမယ့် အနာဂတ်ကာလအတွက် တိတိကျကျမဆုံးဖြတ်ရသေးပါဘူး။ ဘာမဆိုဖြစ်လာနိုင်ပါသေးတယ် ” လို့ နည်းပြအယ်လီဂရီက ထုတ်ဖော်ပြောဆိုထားခဲ့တာပါ။

လက်ရှိပီအက််စ်ဂျီအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ လီယိုနာဒိုနဲ့ နည်းပြအယ်လီဂရီတို့အကြား သာမန်ထ က်ပိုပြီးရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုပိုင်ဆိုင်ထားပြီး အခုဆွေးနွေးမှုအရ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုအချို့ရရှိ ခဲ့တယ်လို့လည်း သတင်းဖော်ပြမှုအချို့ရှိနေခဲ့ပြန်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က