ထွက်ခွာခွင့်ပေးမယ်လို့ပြောဆိုခဲ့ပြီး ထွက်ခွင့်မပေးခဲ့တာကို ရည်ရွယ်ခဲ့တာပါ။
Pyae Phyo Thein

မက်ဆီဟာ အသင်းကနေ အလွတ်ထွက်ခွာဖို့အတွက် တောင်းဆိုခဲ့ပြီး ဘာစီလိုနာက စာချုပ်ပါလျော်ကြေး ယူရိုသန်း ၇၀၀ ပေးချေမှသာ ရရှိမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။


ဘာစီလိုနာအသင်းဥက္ကဌဘာတိုမြူဟာ သူ့ကိုပြောဆိုခဲ့တဲ့ စကားတွေအပေါ်မှာ စောင့်ထိန်းခဲ့ခြင်းမရှိဘူးလို့ မက်ဆီကပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာကနေ ထွက်ခွာဖို့အနီးစပ်ဆုံးဖြစ်ခဲ့တဲ့ မက်ဆီဟာ လာမယ့်ရာသီမှာ အသင်းနဲ့အတူ ဆက်ရှိနေတော့မှာဖြစ်ပြိး Goal နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အကြောင်းရင်းစုံကို ရှင်းလင်းပြောဆိုသွားခဲ့တာလည်းဖြစ်ပါတယ်။ 

မက်ဆီဟာ အသင်းကနေ အလွတ်ထွက်ခွာဖို့အတွက် တောင်းဆိုခဲ့ပြီး ဘာစီလိုနာက စာချုပ်ပါလျော်ကြေး ယူရိုသန်း ၇၀၀ ပေးချေမှသာ ရရှိမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် မက်ဆီကို အလိုရှိနေတဲ့ ကလပ်အသင်းတွေအတွက်တော့ အခက်တွေ့ခဲ့ရပြီး ကစားသမားဟာလည်း အသင်းသစ်ကိုပြောင်းရွှေ့ဖို့ မလွယ်ကူဖြစ်ခဲ့ကာ နူးကမ့်မှာ ဆက်ရှိနေမယ်လို့ မနေ့ကပဲ အတည်ပြုခဲ့တာဖြစ်ပါတယ်။ 

"ကျွန်တော်အသင်းကိုပြောခဲ့ပါတယ်၊ ဥက္ကဌလည်း ပါပါတယ်၊ ကျွန်တော်ထွက်ခွာချင်တယ်လို့ပြောခဲ့တာပါ၊ တစ်နှစ်လုံးကျွန်တော်ပြောနေခဲ့တာပါ၊ အသင်းကနေ ဘေးဖယ်ပေးဖို့အချိန်ရောက်ပြီလို့ ကျွန်တော်ယုံကြည်ခဲ့တာပါ၊ ကလပ်အနေနဲ့ လူငယ်ကစားသမားတွေ၊ ကစားသမားသစ်တွေကို လိုအပ်နေပြီလို့လည်း ကျွန်တော်ယုံကြည်ခဲ့ပါတယ်၊ ကျွန်တော့်ရဲ့ ဘာစီလိုနာအချိန်တွေက ကုန်ဆုံးခဲ့ပြီလို့လည်း တွေးနေခဲ့တာပါ"

"အရမ်းစိတ်မကောင်းလည်းဖြစ်ခဲ့ရပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော့်ကစားသမားဘဝကို ဒီအသင်းမှာပဲ ကုန်ဆုံးသွားမယ်လို့ ကျွန်တော်အမြဲတမ်းပြောနေခဲ့လို့ပါ၊ ပြီးခဲ့့တဲ့နှစ်က ခက်ခဲတဲ့နှစ်ဖြစ်ခဲ့ပါတယ်၊ ကျွန်တော် လေ့ကျင့်ရေးကွင်း၊ ပွဲအတွင်းမှာ၊ အဝတ်လဲခန်းအတွင်းမှာ အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်၊ အရာအားလုံးက ခက်ခဲခဲ့ပြီး ရည်မှန်းချက်အသစ်တွေရှာရမယ့် အချိန်ရောက်လာပါတယ်"

"ဒါက ဘိုင်ယန်ပွဲရလဒ်ကြောင့် ဖြစ်မလာခဲ့ပါဘူး၊ အသင်းကထွက်ခွာဖို့ကို အကြာကြီးစဉ်းစားနေခဲ့တာပါ၊ ဥက္ကဌကို ကျွန်တော်ပြောဆိုခဲ့ပြီး သူကလည်း ရာသီကုန်တိုင်းမှာ ဆက်နေချင်လည်းရတယ်၊ ထွက်ခွာချင်လည်းရတယ်လို့ပြောခဲ့တာပါ၊ ဒါပေမယ့် သူ့စကားကို သူ မတည်ခဲ့ပါဘူး" လို့ မက်ဆီကပြောဆိုခဲ့ပါတယ်။ ဘာတိုမြူဟာ မက်ဆီမထွက်သွားဖို့အတွက် လျော်ကြေး ယူရိုသန်း ၇၀၀ ပေးချေဖို့ကိုသာ အစဉ်တစိုက်ပြောဆိုပြီး တားမြစ်ခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က