ဒီနေ့ညနေပိုင်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Pyae Phyo Thein

ဥရုဂွေးတိုက်စစ်မှူးအတွက် ဘာစီလိုနာအသင်းဘက်က စီစဉ်ပေးခဲ့တာဖြစ်ပြီး ဆွာရက်ဇ်ဟာ နှုတ်ဆက်စကားဆိုခဲ့ရာမှာ ဝမ်းနည်းကြေကွဲနေခဲ့ပါတယ်။ 


ဘာစီလိုနာကနေ အက်သလက်တီကိုမက်ဒရစ်ကို ပြောင်းရွှေ့တော့မယ့် ဆွာရက်ဇ်ရဲ့ နှုတ်ဆက်ပွဲကို ဒီနေ့မှာ ပြုလုပ်သွားခဲ့ပါတယ်။ ခြောက်နှစ်ကြာ အသင်းမှာကစားပြီး ခြေစွမ်းပြကာ အောင်မြင်မှုတွေရယူပေးခဲ့တဲ့ ဥရုဂွေးတိုက်စစ်မှူးအတွက် ဘာစီလိုနာအသင်းဘက်က စီစဉ်ပေးခဲ့တာဖြစ်ပြီး ဆွာရက်ဇ်ဟာ နှုတ်ဆက်စကားဆိုခဲ့ရာမှာ ဝမ်းနည်းကြေကွဲနေခဲ့ပါတယ်။ 

မနေ့ကလည်း အက်သလက်တီကိုနဲ့ သဘောတူညီမှုရရှိခဲ့လို့ အသင်းလေ့ကျင့်ရေးကွင်းကနေ ဆွာရက်ဇ်ထွက်ခွာခဲ့ရာမှာ ငိုကြွေးခဲ့ပြီး ဒီနေ့မှာတော့ အားလုံးရှေ့မှာပဲ သူ့ရဲ့ဝမ်းနည်းနေတဲ့ပုံစံကို ပြသခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဆွာရက်ဇ်ဟာ ဘာစီလိုနာအတွက် ၂၈၃ ပွဲကစားပေးခဲ့ပြီး ၁၉၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ကာ အသင်းသမိုင်းတစ်လျှောက် တတိယမြောက်ဂိုးအများဆုံးသွင်းယူသူဖြစ်လာခဲ့ပါတယ်။



"ကျွန်တော် ခမ်းနားကြီးကျယ်တဲ့ကစားသမားတွေနဲ့ တွဲကစားခဲ့ရပြီးတော့ ဒီအသင်းမှာ အမြဲတမ်းရှိနေချင်ခဲ့တာပါ၊ ဒါပေမယ့် အဲဒါက အခုတော့ဖြစ်မလာခဲ့ပါဘူး၊ ကျွန်တော်ဘယ်တုန်းကမှ စိတ်မကူးခဲ့ဖူးတဲ့ အရာတွေက ဒီအသင်းမှာ အကောင်အထည်ပေါ်လာခဲ့တာပါ၊ အသင်းဟောင်းနဲ့ ပြန်ပြီးတော့ ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမှာက အမြဲတမ်းထူးခြားပါတယ်၊ သူတို့အတွက်လည်း ထူးခြားနေပါလိမ့်မယ်" လို့ ဆွာရက်ဇ်က နှုတ်ဆက်ပွဲမှာ ပြောဆိုခဲ့ပါတယ်။ 

ဆွာရက်ဇ်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ၂နှစ်စာချုပ်နဲ့ ပြောင်းရွှေ့မှာဖြစ်ပါတယ်။ ဆွာရက်ဇ်အတွက် ယူရို ၆ သန်းကို အက်သလက်တီကိုမက်ဒရစ်အသင်းက ပေးချေရမယ်လို့ သိရပြီးတော့ ကစားသမားအနေနဲ့ အသင်းသစ်မှာ လစာငွေ ၅၀% အထိ လျှော့ယူသွားမယ်လို့လည်း BBC က ဖော်ပြခဲ့ပြီးဖြစ်ကာ လာမယ့်ရက်အနည်းငယ်အတွင်း အပြောင်းအရွှေ့ကို အတည်ပြုကြေညာသွားမှာလည်းဖြစ်ပါတယ်။ 


Author


က္က