စံချိန်ကျော်ဖြတ်ခံရလည်း ကိစ္စမရှိဘူးလို့ ပြောခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ လက်ကျန်ခြေစစ်ပွဲစဉ်တွေမှာ ဂိုးသွင်းခြေစွမ်းပြသနိုင်ခဲ့မယ်ဆိုရင် အလီဒါယီကို လိုက်မီဖို့ တော်တော်လေးနီးစပ်သွားမှာလည်းဖြစ်ပါတယ်။


လစ်သူယေးနီးယားနဲ့ ကစားခဲ့တဲ့ ယူရို၂၀၂၀ ခြေစစ်ပွဲမှာ ပေါ်တူဂီအတွက် တစ်ဦးတည်းလေးဂိုးအထိ သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးရော်နယ်ဒိုက သူ့ရဲ့ နိုင်ငံတကာဂိုးသွင်းစံချိန်ကို ကျော်ဖြတ်ခဲ့မယ်ဆိုရင်လည်း စိတ်ထဲမှာ ဘယ်လိုခံစားမှုမျိုးမှ ရှိမှာမဟုတ်ဘူးလို့ အီရန်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်း အလီဒါယီက ပြောဆိုသွားခဲ့ပါတယ်။ အလီဒါယီကတော့ အီရန်အတွက် ၁၄၉ ပွဲကစားပေးခဲ့ရာမှာ ၁၀၉ဂိုးအထိ သွင်းယူထားခဲ့သူဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ နိုင်ငံတကာသွင်းဂိုး ၉၃ဂိုး ရရှိသွားခဲ့တာဖြစ်ပြီး အလီဒါယီနဲ့ ၁၆ ဂိုးသာ ကွာဟတော့တာဖြစ်ပါတယ်။ ရော်နယ်ဒိုအနေနဲ့ လက်ကျန်ခြေစစ်ပွဲစဉ်တွေမှာ ဂိုးသွင်းခြေစွမ်းပြသနိုင်ခဲ့မယ်ဆိုရင် အလီဒါယီကို လိုက်မီဖို့ တော်တော်လေးနီးစပ်သွားမှာလည်းဖြစ်ပါတယ်။ လက်ရှိမှာ ရော်နယ်ဒိုရဲ့ ဥရောပရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။



"စံချိန်မှတ်တမ်းဆိုတာက ကျော်ဖြတ်ခံရဖို့ပါပဲ၊ ကျွန်တော်လည်းပဲ ဒီလိုမျိုးရင်ဆိုင်ခဲ့ရတာပါပဲ၊ အဲဒီလိုပဲ ကျွန်တော့်မှတ်တမ်းကို တစ်ယောက်ယောက်က ကျော်ဖြတ်ဦးမှာသေချာပါတယ်၊ အရမ်းကြီးမားတဲ့ ကိစ္စတော့ မဟုတ်ပါဘူး၊ သူ့ရဲ့ စွမ်းဆောင်ရည်အတွက်လည်း အံ့အားသင့်မှုမရှိပါဘူး"

" သူက ကြီးကျယ်တဲ့ ကစားသမားတစ်ဦးပါ၊ ဘောလုံးလောကမှာလည်း ဂုဏ်ယူလောက်စရာ ဆုတံဆိပ်တွေ၊ ဂုဏ်ပြုခံရမှုတွေ အများကြီးရရှိထားပြီး လက်ရှိသူ့ရဲ့ ခြေစွမ်းကလည်း ထိပ်တန်းအဆင့်မှာ ရှိနေပါတယ်" လို့ အလီဒါယီက ပြောဆိုခဲ့တယ်လို့ Sportskeeda က ဖော်ပြသွားခဲ့ပါတယ်။ ရော်နယ်ဒိုကတော့ နောက်ထပ်စံချိန်ကောင်းတစ်ခုအနေနဲ့ ဥရောပမှာ နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်တဲ့ ပထမဆုံးကစားသမားဖြစ်လာဖို့အတွက်လည်း သွင်းဂိုး ၇ ဂိုးသာ လိုအပ်တော့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က