ယူရိုပါလိဂ် ပ-‌ကျော့မှာ ဖြစ်ပွားခဲ့တာပါ။

ဘရုဂျက်မြို့တော်ဝန်ကို အိတ်ဖွင့်ပေးစာပေးပို့ခဲ့သလို ယူအီးအက်ဖ်အေကိုလည်း တင်ပြသွားမယ်လို့ ဆိုပါတယ်။

Image result for club brugge 1-1 united



ဘယ်လ်ဂျီယံကလပ် ဘရုဂျက်အသင်းနဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ပထမအကျော့ သွားကစားခဲ့တုန်းက မြို့တွင်း တက္ကစီသမားတွေက ယူနိုက်တက်ပရိသတ်တွေကို မတင်ဆောင်တာကြောင့် တည်းခိုရာဟိုတယ်ကနေ ဘောလုံး ကွင်းကို လမ်းလျှောက်သွားခဲ့ရတယ်လို့ လိုက်ပါအားပေးခဲ့တဲ့ ယူနိုက်တက်ပရိသတ်အချို့ရဲ့ ပြောစကားသံတွေကို BBC SPORTက ဖော်ပြလာပါတယ်။

ဒီဖြစ်စဥ်ကြောင့် မန်ချက်စတာ ယူနိုက်တက် ပရိသတ်အစုအဖွဲ့က ဘရုဂျက်မြို့တော်ဝန်ထံ အိတ်ဖွင့်ပေးစာတစ်‌ စောင်ပေးပို့ခဲ့တယ်လို့ သိရပြီး အဲ့ဒီတုန်းက မြို့ရဲ့ နွေးထွေးပျူငှာမှုမရှိပုံတွေကို ချပြခဲ့တာပါ။

ပရိသတ်တွေရဲ့ စာထဲမှာတော့ - အဆိုးရွားဆုံး ဥရောပခရီးစဥ်တစ်ခုလို့ ရေးသားထားပြီး လုံခြုံမှုမရှိတာကို အကြောက်လွန်တဲ့အထိ ခံစားခဲ့ရတယ်လို့ ပါဝင်လာပါတယ်။

Image result for club brugge 1-1 united

“ ဘရုဂျက်မြို့အနေနဲ့ သူတို့ရဲ့ လုံခြုံရေးပိုင်း အားနည်းမှု နွေးထွေးပျူငှာမှူမရှိမှုတို့အတွက် ရှက်သင့်ပါတယ်။ကျွန် တော်တို့ ပြန်သွားပြီးမှ သိလိုက်ရတာက မြို့ရဲ့ ရဲတွေက တက္ကစီသမားတွေကို ဘောလုံးကွင်းနဲ့မလာဖို့နဲ့ ယူနိူက်တက် ပရိသတ်တွေဆိုရင် မတင်ဖို့ မှာကြားထားတယ်ဆိုတာပါ။ ဒါကြောင့် ကျွန်တော်တို့ကွင်းကို ကြောက်စရာကောင်းလောက်အောင် အေးတဲ့ ရာသီဥတုအောက်ကနေ လမ်းလျှောက်သွားခဲ့ရပါတယ်။”လို့ ရေးသားပါဝင်နေတာပါ။



ဆက်လက်ပြီးတော့လည်း ဒုတိယအကျော့ မန်ချက်စတာမှာ ကစားတဲ့ပွဲကို လိုက်ပါအားပေးမယ့် ဘရုဂျက် ပရိသတ်တွေကို ယူနိုက်တက်ပရိသတ်တွေ ခံစားခဲ့ရသလိုမျိုး တာဝန်ရှိသူတွေ ဆက်ဆံလာရင်တော့ ရှက်မိလိမ့် မယ်လို့လည်း ယူနိုက်တက်ပရိသတ်တွေက ပြောလာပါသေးတယ်။

Fans in Bruges

အခုဖြစ်စဥ်ကို ယူနိုက်တက်ပရိသတ်တွေ မကျေနပ်ကြပဲ ယူအီးအက်ဖ်အေထိ တိုင်ကြားသွားမယ်လို့လည်း ဆိုလာကြပါတယ်။

ယူနိုက်တက်နဲ့ ဘရုဂျက်တို့ရဲ့ ပထမအကျော့ပွဲက ၁ ဂိုးစီ သရေကျခဲ့ပြီး ဒု-ကျော့ကိုတော့ လာမယ့် ကြာသပတေးည(သောကြာနံက် မြန်မာစံတော်ချိန်၂ခွဲ)မှာ ဆက်လက်ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က