ဒီယေဂိုကော်စတာနဲ့မိုရာတာတို့ ဒဏ်ရာကနေ သက်သာလာပြီး ပါဝင်ခဲ့ပါတယ်။
Pyae Phyo Thein

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ လူစာရင်းကို အက်သလက်တီကိုအသင်းရဲ့ တွစ်တာအကောင့်ကနေ ဖော်ပြခဲ့ရာမှာတော့ ဒီယေဂိုကော်စတာ နဲ့ မိုရာတာတို့ ပါဝင်နေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဒီနေ့ညမှာတော့ စပိန်လာလီဂါပွဲစဉ် (၃၁)ရဲ့ အကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ ဘာစီလိုနာ နဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ ပွဲစဉ်ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါပွဲအတွက် ဘာစီလိုနာကို ထွက်ခွာသွားခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ လူစာရင်းကို အက်သလက်တီကိုအသင်းရဲ့ တွစ်တာအကောင့်ကနေ ဖော်ပြခဲ့ရာမှာတော့ ဒီယေဂိုကော်စတာ နဲ့ မိုရာတာတို့ ပါဝင်နေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။



ဒီအသင်းနှစ်သင်းဟာ လာလီဂါမှာ ရမှတ် (၈)မှတ်အထိ ကွာဟနေတာဖြစ်ပြီး ဘာစီလိုနာက ဒီပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် လက်ကျန် (၇)ပွဲအလိုမှာ (၁၁)မှတ်အထိ ဖြတ်တောက်နိုင်မှာဖြစ်ပြီး အက်သလက်တီကိုက အနိုင်ရခဲ့မယ်ဆိုရင်တော့ ရမှတ် (၅)မှတ်သာ ကွာဟသွားမှာ ဖြစ်လို့ နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်လည်း ဖြစ်နေပါတယ်။

ဒီယေဂိုကော်စတာကတော့ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပြီး မိုရာတာကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ဖွယ်ရှိတယ်လို့ အစောပိုင်းသတင်းများက ဖော်ပြခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီပွဲအမီကို သူတို့နှစ်ဦးစလုံး ဒဏ်ရာကနေ ပြန်လည်

သက်သာလာခဲ့လို့ အက်သလက်တီကိုအသင်းဟာ နူးကမ့်မှာ လူစုံတက်စုံနဲ့ အိမ်ရှင်ဘာစီလိုနာကို ရင်ဆိုင်နိုင်တော့မှာပါ။

ဒါပေမယ့်လည်း တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ သောမတ်စ်လီမာကတော့ ပေါင်ဒဏ်ရာကြောင့် အသင်းလူစာရင်းကနေ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာကတော့ ဒီပွဲကစားပြီးရင် ဧပြီလ (၁၀)ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ကွာတား

ဖိုင်နယ်ပွဲကို ကစားရမှာဖြစ်ပြီး ပွဲကျပ်နေတဲ့အချိန်မှာ အက်သလက်တီကိုအတွက်တော့ အခွင့်ကောင်းယူနိုင်ဖို့ အရေးကြီးနေပါတယ်။

ပထမအကျော့အဖြစ် အက်သလက်တီကိုမက်ဒရစ်အိမ်ကွင်းမှာ ကစားခဲ့ရာမှာတော့ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။ အက်သလက်တီကိုအတွက် ဒီယေဂိုကော်စတာက ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ဘာစီလိုနာအတွက် ချေပဂိုးကို ပွဲချိန်မိနစ် (၉၀)အရောက်မှာ တောင်ပံ

ကစားသမား အူစမန်ဒမ်ဘီလီက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။


Author


က္က