loading...

loading...

loading...

အိမ်ကွင်းမှာ လုခ်ရှောရဲ့ ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိတဲ့သွင်းဂိုးကြောင့် အရေးနိမ့်ခဲ့တာပါ။
Kyaw Ko Ko Sint

အိမ်ကွင်းမှာ နောက်ခံလူ လုခ်ရှောရဲ့ ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိတဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ဘာစီလိုနာ အသင်းကို အရေးနိမ့်ခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းမှာ ထပ်ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒု-ကျော့ပွဲစဉ်မှာ အဝေးဂိုးသွင်းယူနိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြ ဆိုးလ်ရှားက ပြော သွားတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။

ဒီမနက်ကစားခဲ့တဲ့ ပထမအကျော့ ပွဲမှာတော့ မန်ယူအသင်းက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဘာစီလိုနာအသင်း ကို ဝ-၁ နဲ့အရေးနိမ့်ခဲ့ပြီး ဒုတိယအကျော့ကိုတော့ ဧပြီ ၁၆ ရက်နေ့မှာ ပြန်ကစားမှာပါ။

“ ကျွန်တော့်တို့ ရင်ဆိုင်ခဲ့ရတာ အဆင့်မြင့် အသင်းကြီးပါ၊ တကယ်ခက်ခဲခဲ့ပါတယ်၊ ဒီပွဲက အတွေ့အကြုံတွေနဲ့ လာမယ့် ဒုကျော့မှာ အဝေးဂိုးရမယ်လို့ ယုံကြည်ပါတယ်။” လို့ဆိုးလ်ရှားက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာပြော သွားတာပါ။

ဆိုးလ်ရှားက ပြီးခဲ့တဲ့ ၁၆ သင်းအဆင့်တုန်းက မန်ယူအသင်းရဲ့ ပြန်လာနိုင်တဲ့ စွမ်းရည်ကို ပြန်လည် ပြောခဲ့ပြီး အိမ်ကွင်းမှာ ၂-၀ နဲ့ ရှုံးနေပေမယ့် အဝေးကွင်းမှာ ၃ ဂိုးထိ ပြန်သွင်းပြီး အခုလို ကွာတားတက်လာခဲ့တဲ့အတိုင်း ဘာစီလိုနာရဲ့ နူးကမ့်ကွင်းမှာလည်း အဝေးဂိုးရဖို့ ယုံကြည်နေတာပါ။

“ ပီအက်စ်ဂျီနဲ့ပွဲက ရလဒ်က ကျွန်တော်တို့ကို စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်ချက်ပေးပါတယ်၊ ဒါပေမယ့် ဒီတစ်ကြိမ် ကျွန်တော်တို့ ရင်ဆိုင်နေရတာက ချန်ပီယံအတွက်ရေပန်းစားနေတဲ့အသင်းပါ၊ နောက်ဆုံး လေး သင်းအဆင့်ကို မန်ယူရောက်ခဲ့ရင်တော့ဒါဟာ ကြီးမားတဲ့ ရလဒ်ပါပဲ။” လို့ ဆိုးလ်ရှားက ဆက်လက်ပြောသွား ပါတယ်။

အခြားတဖက်မှာလည်း ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက အင်္ဂလန်အသင်းကို နောက်ကောက်ချနိုင်ပြီလားဆို တဲ့မေးခွန်းအပေါ်မှာ ငြင်ဆန်ထားမှု ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က