ဂျူဗင်တပ်အတွက် ပြည်တွင်း သွင်းဂိုး ၂၈ ဂိုးသာ သွင်းပေးနိုင်ခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ ဒီနှစ်မှာ ကလပ်နဲ့နိုင်ငံအသင်းနဲ့အတူ ဆုဖလား ၃ လုံးအထိ ပိုင်ဆိုင်ခဲ့ပေမယ့် ပရိသတ်တွေရဲ့ အထင်ကြီးခံရခြင်းကတော့ ၁၀ အတွင်းမှာ လျော့ကျခဲ့ရပါတယ်။

ဂျူဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ဒီနှစ်ဘောလုံးရာသီမှာ စီးရီးအေ၊အီတလီ စူပါဖလားနဲ့ နေးရှင်းလိဂ် ဆုဖလား တို့ကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း စစ်တမ်းတွေအရ ၁၀ အတွင်း ကစားသမားဘဝမှာ အဆိုးရွားဆုံး ရာသီနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ Daily Mail ကဖော်ပြလာပါတယ်။



ဒီနှစ်ဘောလုံးရာသီမှာ ရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်အသင်းအတွက် ပြည်တွင်းသွင်းဂိုး ၂၈ ဂိုးသာ သွင်းယူပေးနိုင်ခဲ့ပြီး ဒါဟာ ၂၀၀၈-၀၉ဘောလုံး ရာသီတုန်းက မန်ယူအသင်းအတွက် ၂၆ ဂိုးသွင်းယူနိုင်မှုအပြီး အနည်းပါးဆုံး ဂိုးသွင်းနှုန်း ဖြစ်ခဲ့တာပါ။

ရော်နယ်ဒိုအနေနဲ့ နောက်ဆုံး ရာသီတွေမှာ ပရိသတ်တွေရဲ့ အထင်ကြီးစရာ နှစ်တွေကို ပိုင်ဆိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဆုဖလား ၃ လုံးရသည့်တိုင် ပရိသတ်တွေက အထင်ကြီးမှုလျော့ကျလာတာ ဖြစ်ပါတယ်။

ဒီနှစ်မှာ ပေါ်တူဂီအသင်းနဲ့အတူ နေးရှင်းလိဂ်ဆုဖလားကို ပိုင်ဆိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ခြင်း မရှိပေမယ့် ဆီမီး ဖိုင်နယ်မှာ ဆွစ်ဇာလန်အသင်းဖက်ကိုထ ၃ ဂိုး ဟက်ထရစ်သွင်းယူ ပေးနိုင်ခဲ့သူပါ။

ရီးရဲနဲ့အတူ ချန်ပီယံလိဂ် ၃ နှစ်ဆက် ရယူခဲ့ပေမယ့် ဒီနှစ်မှာတော့ အေဂျက်ကို ကွာတားဖိုင်နယ်မှာ ရှုံးပြီး စောစီးစွာ ထွက်ခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က