ဇာဗီနဲ့ ‌‌ဆွေးနွေး‌နေတယ်လို့ သိရပါတယ်။

ဒူးဒဏ်ရာ ခွဲစိတ်မှုကြောင့် ၄ လကြာ အနားယူရတော့မှာ ဖြစ်လို့ ခုံလှုပ်နေတဲ့ နည်းပြ ဗယ်လ်ဗာဒီအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာစေပါတယ်။

ဘာစီလိုနာအသင်းရဲ့အဓိက တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ဆွာရက်ဇ်ကတော့ ဒူးခွဲစိတ်မှုကြောင့် ၄ လနောက် အနားယူရတော့မယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



တနင်္ဂနွေနေ့က ဒူးခွဲစိတ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခု ဒဏ်ရာကတော့ မူလဒဏ်ရာကို နောက်ထပ် ခွဲစိတ်မှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး စပိန်ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ရေမွန်က ခွဲစိတ်ပေးခဲ့တာပါ။



ဘာစီလိုနာအတွက်တော့ အက်သလက်တီကိုမက်ဒရစ်အသင်းကို ရှုံးပြီးနောက်  တိုက်စစ်မှူး ဆွာရက်ဇ် အနားယူ ရတာ အသင်းအတွက် များစွာ နစ်နာခဲ့ရပြီး နည်းပြ ဗယ်လ်ဗာဒီအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာ စေပါပြီ။

လတ်တလော သတင်းတွေအရလည်း ဘာစီလိုနာအသင်းက နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ သိရပြီး ကစားသ မားဟောင်း ဇာဗီကို အစားထိုးခန့်အပ်မယ်လို့လည်း သိရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိရာသီမှာ ရီးရဲနဲ့ ရမှတ်တူ အနေအထားနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပေ မယ့်လည်း ပြီးခဲ့တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းကို ၃-၂ ဂိုးနဲ့ အရေးနိမ့်ပြီး ဗိုလ်လုပွဲနဲ့ ဝေးခဲ့ရပါတယ်။

တိုက်စစ်မှူး ဆွာရက်ဇ်ကတော့ ဒီရာသီမှာဘာစီလိုနာအသင်းအတွက် ၂၃ပွဲကစားပေးအပြီး ၁၄ ဂိုးထိသွင်းယူပေး ထားနိုင်သူပါ။

ဘာစီလိုနာအသင်းအတွက်ကတော့ လာမယ့်အပတ်မှာ ဂရန်နာဒါနဲ့ ကစားကာ ဗလင်စီယာ၊လီဗန်တေး၊ရီးရဲ ဘက်တစ်တို့နဲ့ ဆက်လက်ကစားရဖို့ ရှိနေပါတယ်။

Share

Loading Next Article...
က္က