ကာတာနဲ့ အုပ်စုနောက်ဆုံးပွဲကို လာမယ့် တနင်္ဂနွေနေ့မှာ ကစားရပါမယ်။
Kyaw Ko Ko Sint

အုပ်စု နောက်ဆုံးပွဲမှာ ကာတာကို မဖြစ်မနေ အနိုင်ကစားဖို့ လိုနေသလို တဖက်မှာ ကိုလံဘီယာကလည်း ပါရာဂွေးကို အနိုင်(သို့) သရေ ကစားနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ဘောလုံးသမား မက်ဆီ ပါဝင်ကစားနေတဲ့အာဂျင်တီးနားအသင်းကတော့ ၂၀၁၉ ခုနှစ် ကိုပါ အမေရိကဖလားပြိုင်ပွဲ အုပ်စုတွင်း ၂ ပွဲကစားအပြီး ၁ မှတ်သာ ရရှိပါသေးတယ်။

အဖွင့်ပွဲစဉ်မှာ ကိုလံဘီယာအသင်းကို ၂-၀ နဲ့ အရေးနိမ့်ခဲ့သလို ဒုတိယပွဲစဉ်မှာလည်း ပါရာဂွေးအသင်းကို မက်ဆီရဲ့ ပင်နယ်တီ ချေပဂိုးကြောင့် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ဒါကြောင့် နှစ်ပွဲကစားအပြီး တစ်မှတ်သာရသေးတဲ့ အာဂျင်တီးနားအသင်းအနေနဲ့ နောက်တဆင့်တက်ဖို့ အခွင့်အရေးရှိနေသေးတယ်ဆိုပေမယ့်လည်း သူများနှာခေါင်းပေါက်နဲ့ အသက်ရှုရမယ့် အဖြစ်မျိုးနဲ့တော့ ရင်ဆိုင်နေရတဲ့အကြောင်း Daily Mailက ဖော်ပြလာတာပါ။

လာမယ့် တနင်္ဂနွေနေ့မှာ အုပ်စုနောက်ဆုံးပွဲအဖြစ် ကာတာအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး မဖြစ်မနေ အနိုင်ကစား ပါမှသာ နောက်တဆင့်အတွက် မျှော်လင့်ခွင့်ရတော့မှာပါ။

အကြောင်းကတော့ တဖက်မှာကိုလံဘီယာနဲ့ ပါရာဂွေးတို့ တွေ့ဆုံမှုကို စောင့်ကြည့်ရဦးမှာ ဖြစ်ပြီး ဥရုဂွေးက အနိုင်(သို့) သရေကစားနိုင်ဖို့ လိုနေသေးတာပါ။

အုပ်စုရပ်တည်မှုအရ ကိုလံဘီယာက ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ နောက်တဆင့်တက်ဖို့ သေချာသွားပြီ ဖြစ်သလို ပါရာရွေးအသင်းက ၂ ပွဲကစား ၂ ပွဲသရေ ၂ မှတ်နဲ့ အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေတာပါ။


ဒီအချိန်မှာ ကာတာက တစ်မှတ်နဲ့ အုပ်စု တတိယမှာရပ်တည်နေသလို မက်ဆီရဲ့ အာဂျင်တီးနားကတော့တစ်မှတ်ချင်းတူတာတောင် ဂိုးကွာခြားချက်နဲ့ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေတာပါ။

အာဂျင်တီးနားအတွက်တော့ ကာတာလို မျှော်လင့်ချက် အပြည့်ရှိနေသေးတဲ့အသင်းကို မဖြစ်မနေ အနိုင်ကစား ရမယ်ဆိုတဲ့ ဖိအားနဲ့ တွေ့ဆုံမှုကတော့ မက်ဆီနဲ့ အာဂျင်တီးနားကို ထပ်မံအခက်တွေ့စေဦးမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က