သွင်းဂိုးအားလုံးကို ပါဝင်ပတ်သက်နိုင်ခဲ့တာပါ။

ချဲလ်ဆီးကို ၄-၁နဲ့ နိုင်တာက ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ ၈ပွဲဆက်တိုက် အနိုင်ရရှိမှုလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးကို ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာ နှစ်ကျော့ပေါင်း ၇-၁ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဥ်တွေမှာဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးက သွင်းဂိုးအားလုံးကို ပါဝင်ပတ်သက်ထားပါတယ်။



ဒီကနေ့ ကစားတဲ့ပွဲမှာ ၄-၁ဂိုးနဲ့ အနိုင်ရခဲ့စဥ်မှာတော့ တစ်ဦးတည်း ၂ဂိုးသွင်းခဲ့သလို အသင်းဖော်တွေကိုလည်း ၂ဂိုးဖန်တီးပေးနိုင်ခဲ့တာပါ။

ဒါ့အပြင် ပထမအကျော့တုန်းက ၃-၀ဂိုးပြတ်အနိုင်ရခဲ့စဥ်ကလည်း တစ်ဂိုးသွင်းပြီး ၂ဂိုးဖန်တီးထားနိုင်လို့ ချဲလ်ဆီးကို သွင်းတဲ့ ၇ဂိုးစလုံးမှာလီဝန်က ပါဝင်ပတ်သက်နေတာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး ဘောလုံးရာသီတစ်ခုအတွင်း ပြိုင်ဖက်အသင်းဘက်ကို သွင်းယူတဲ့သွင်းဂိုးတွေမှာ ၃ဂိုးနှင့်အထက် ပါဝင်ပတ် သက်နိုင်တာကတော့ ၂၀၀၄-၀၅ဘောလုံးရာသီက ရိုးမားအသင်းဖက်ကို လူးဝစ္စဖီဂို စွမ်းဆောင်ထားနိုင်အပြီး ပထမဆုံးလို့လည်းသိရပါတယ်။

လီဝန်ဒေါစကီးကတော့ ဒီရာသီ ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၅၃ဂိုးထိ သွင်းယူပေးထားနိုင်သလို ယခုနှစ် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ကိုလည်း မက်ဆီ၊ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ပြီး ရရှိဖို့အထိ ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကံဆိုးစွာနဲ့ပဲ ဒီနှစ်မှာ ကမမ္ဘာနှင့်အဝှမ်း ကိုဗစ်ဖြစ်ပွားမှုကြောင့် ဖီဖာက ဒီနှစ်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ပေးအပ်ချီးမြှင့်ခြင်း မပြုတော့ဘူးလို့ ကြေညာထားခဲ့တာကြောင့် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါသေး တယ်။

လက်ရှိမှာတော့ လီဝန်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံနေ ပြီး သူတို့ တွေ့ဆုံမှုရဲ့ မှတ်တမ်းကောင်းက အနိုင်ရတဲ့အသင်းက အဲ့ဒီနှစ်မှာ ချန်ပီယံဖြစ်လေ့ရှိတာပဲ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က