ဆမ်ဒိုးရီးယားမှာ အသင်းဖော်တွေအဖြစ် ကစားခဲ့သူတွေပါ။
Pyae Phyo Thein

ဆမ်ဒိုးရီးယား၊ အူဒီးနီးစ်တို့မှာ ကစားခဲ့ဖူးပြီး စပို့တင်းလစ္စဘွန်းမှာ အောင်မြင်တဲ့ကစားသမားတစ်ဦးအဖြစ် ဖာနန်ဒက်စ်က ရပ်တည်နိုင်ခဲ့ကာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခွင့်ရရှိလာခဲ့တဲ့အထိ တောက်ပခဲ့တာလည်းဖြစ်ပါတယ်။


အင်တာမီလန်အသင်းမှာ ကစားနေတဲ့ နောက်ခံလူမီလန်စကီရီနီယာက မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ အသင်းဖော်ကောင်းတစ်ဦးဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။ ဆမ်ဒိုးရီးယားအသင်းမှာ အသင်းဖော်တွေအဖြစ် ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူကို စကီရီနီယာက အမှတ်တရချီးကျူးစကားဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ဘရူနိုဖာနန်ဒက်စ်ကတော့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ခြေစွမ်းပြကစားနေသူဖြစ်ပါတယ်။ ဆမ်ဒိုးရီးယား၊ အူဒီးနီးစ်တို့မှာ ကစားခဲ့ဖူးပြီး စပို့တင်းလစ္စဘွန်းမှာ အောင်မြင်တဲ့ကစားသမားတစ်ဦးအဖြစ် ဖာနန်ဒက်စ်က ရပ်တည်နိုင်ခဲ့ကာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခွင့်ရရှိလာခဲ့တဲ့အထိ တောက်ပခဲ့တာလည်းဖြစ်ပါတယ်။ 

"ဘရူနိုဖာနန်ဒက်စ်က ကျွန်တော့်ရဲ့ အကောင်းဆုံးအသင်းဖော်တွေထဲက တစ်ဦးပါ" လို့ အင်တာမီလန်အသင်းတရားဝင်ဝက်ဘ်ဆိုက်နဲ့ ပြုလုပ်ခဲ့တဲ့ အမေးအဖြေအစီအစဉ်မှာ စကီရီနီယာက ပြောဆိုခဲ့ပါတယ်။ ဆမ်ဒိုးရီးယားမှာ သူနဲ့အတူရှိနေခဲ့တဲ့အချိန်တွေကို ကျွန်တော်တကယ်သဘောကျခဲ့ပါတယ်" လို့ အင်တာမီလန်နောက်ခံလူက ဆိုခဲ့ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ပြဿနာဖြစ်ပွားနေမှုနဲ့ ပတ်သက်ပြီးတော့လည်း မေးမြန်းခဲ့မှုကို စကီရီနီယာက "အခြေအနေကတော့ အထိမခံနိုင်တဲ့ အခြေအနေပါ၊ ဒါပေမယ့် ကျွန်တော်တို့တွေ ဒါကို အသင်းတစ်သင်းလိုမျိုး အတူတကွရင်ဆိုင်ရပါလိမ့်မယ်၊ ဘောလုံးပွဲတွေ၊ လေ့ကျင့်ခန်းအစီအစဉ်တွေကို ကျွန်တော်တို့ တကယ်သတိရနေမိပါတယ်၊ ဒါပေမယ့် လက်ရှိမှာ ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်ဖို့က ပိုအရေးကြီးပါတယ်" လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ 


က္က